ပထမဆုံးတွေ့ဆုံမှု..

2.4K 382 11
                                    

Zaw Gyi

3

After 2 days ago..

"Taehyung..နင့်ကို သူဌေးကတော်ခေါ်နေတယ်..''

အိမ်ရှေ့ရှိ ပိုနေသော ပန်းပင်တွေကိုအိမ်နောက်သို့ သယ်နေသော Taehyung ကို ဆိုယွန်းပြောလိုက်သည်။

"အင်း...လာခဲ့မယ်''

Taehyung က လက်ထဲရှိသယ်လက်စ ပန်းအိုးကို အောက်သို့ချပြီး..အိမ်ထဲသို့ဝင်လာခဲ့သည်။
Laptop ဖြင့် အလုပ်ရှုပ်နေသော သူဌေးကတော်ရှေ့သို့ သူဖြေးညင်းစွာဝင်လာပြီး..ရောက်ကြောင်းပြောလိုက်သည်။

"ကျနော် ရောက်ပါပြီ သူဌေးကတော်..''

"အင်း..Taehyung..''

Mrs Park က Laptopကိုပိတ်ပြီး သူ့အားကြည့်ကာပြောလိုက်သည်။

"ငါနဲ့ ငါ့ယောကျာ်း အလုပ်ကိစ္စနဲ့ Daegu ဘက်ကိုသွားစရာရှိတယ်..မနက်ဖန်လောက်မှပြန်ရောက်ဖြစ်မယ်..ခြံစောင့်အဘိုးကြီးက သူ့သမီးနေမကောင်းလို့ ရွာပြန်သွားတယ်...အာ့တာ မင်းဒီည အိမ်မပြန်နဲ့တော့..''

"ဟုတ်..''

"မင်းအလုပ်မင်း လုပ်မယ်လို့ ငါယုံကြည်တယ်..Taehyung''

Mrs Park က စေ့စေ့ကြည့်ကာ ပြောလိုက်တာကြောင့် သူသဘောပေါက်လိုက်သည်။

"ကျနော့်ကို ယုံကြည့်လို့ရပါတယ် သူဌေးကတော် ''

"ကောင်းပြီ..ဒီ့အတွက်ငါမင်းကို လစာပိုပေးမှာပါ ..''

Mrs.Park က ပြောပြီး အိမ်ပေါ် တက်သွားသည်..။
သူလည်း ခြံနောက်ပြန်လာကာ သယ်လက်စပန်းအိုးတို့ကို တစ်ခုပြီးတစ်ခုသာသယ်နေလေသည်။

ခဏကြာတော့ Mr.Park နှင့် Mrs Park တို့နှစ်ယောက် ကားမောင်းကာ ထွက်သွားသည်။

" ဆိုယွန်း ရှိလား..''

အစေခံတွေနေတဲ့ အဆောင်ဘက်သွားကာ သန့်ရှင်းရေးလုပ်နေသော ကောင်မလေးနှစ်ယောက်အားမေးလိုက်သည်။

"ဆိုယွန်း လား..အင်း..သူ သခင်လေးအတွက် ဆေးသွားပေးနေတယ်နဲ့တူတယ်..''

"Aww...''

"ဒါနဲ့ Taehyung က ဆိုယွန်း နဲ့တော်တော်ရင်းနှီးတာပဲနော်..တိုနဲ့တောင် သိပ်မခင်ဘူး..''

𝑪𝒉𝒂𝒏𝒄𝒆 𝒕𝒐 𝑳𝒐𝒗𝒆 // 𝒌𝒕𝒉:𝒑𝒋𝒎 ✅Where stories live. Discover now