တွေ့ဆုံခြင်းဆိုသည်​မှာ

6.3K 49 1
                                    

ကားတစ်​စီး​ပေါ်တွင်​...
....ဟိတ်​ ဟိတ်​ မင်းမျက်​စိကန်း​နေလား
လူရပ်​​နေတာ​တောင်​မမြင်​နိုင်​ရ​အောင်​ ​သေ​တော့မှာလား..
...လူတစ်​​ယောက်​ရဲ့​ဒေါနဲ့​မောနဲ့​ပြောဆိုသံက ကား​ပေါ်မှာ ကျယ်​​လောင်​စွာထွက်​​ပေါ်လာ​သောအခါ...
အားလုံးက ထို​ကောင်​​လေးကို ကြည့်​ကွက်
ကြည့်​ကွက်​ တိုးတီးစကားသံများ ထွက်​ကုန်​ကြသည်​...
".... ကျွန်​​တော်​​တောင်းပန်​ပါတယ်​ဗျာ"
ကောင်း​လေးက ​တောင်းပန်​လိုက်​သည်​။
ထိုအခါမှ ဟိုလူလဲ ထပ်​​ပြောရခတ်​ဆိုရခတ်
ငြိမ်​သွား​တော့သည်​။
...ကျွန်​​တော်​ ​နောက်​ကိုအရိပ်​အခြည်​ကြည့်
လိုက်​​တော့ ထိုလူတစ်​စုလဲ ကား​နောက်​ကို
ပြေးလိုက်​ရင်း အ​မောတ​ကော ကျန်​ခဲ့ကြသည်​။....
...."ဟူး....​တော်​ပါ​သေးရဲ့"ကျွန်​​တော်​ စိတ်​ချသွားပြီဖြစ်​ရာ ထိုင်​စရာရှာရ​တော့သည်​။
တစ်​​နေရာက​တော့ လွတ်​သည်​...ဒါ​ပေမယ့်
အိပ်​​မောကျ​နေတဲ့ ​ကောင်​မ​လေးတစ်​​ယောက်​....ကျွန်​​တော်​ဘယ်​လိုဝင်​ထိုင်​ရမလဲ သူမ​လေးက နှစ်​နှစ်​ခြိုက်​ခြိုက်​ကိုအိပ်​​ပျော်​​နေ​တော့..
ကျွန်​​တော်​ ​ခေါင်းကုတ်​လိုက်​သည်​..
ရုတ်​တရက်​ ကားက ဘရိတ်​အုပ်​လိုက်​​လေသည်​။
'....ကျွီ...........ဒုန်း...'
'ဟာ....'
'ဟင်​...
' သွားပြီထင်​တယ်​...
တစ်​ခုခု​တော့ တိုက်​မိသွားပုံရပါသည်​။
ကားသမားလဲဆင်းကြည့်​​နေသည်​။
ခွေးတစ်​​ကောင်​တိုက်​မိ​ကြောင်း လူ​တွေ​ပြောသံကြား​တော့မှ ​အိပ်​​ပျော်​​နေတဲ့ သူမ အင်း အဲနဲ့ နိုးလာ​တော့သည်​။.....
သူမ မျက်​လုံး​လေးဖွင့်​လာချိန်​..
'​လှလိုက်​တာ..'
မှုံ.....'ရှင်​ဘာ​ပြောလိုက်​တယ်​'ဒီလူကဘာလဲ
ငါ့အိပ်​​နေတာကို တစ်​ချိန်​လုံး ကြည့်​​နေခဲ့တာလား..oh! God!😨
ကျွန်​​တော်​ သူ့မျက်​လုံး​လေးကို သ​ဘောကျစွာ ​ငေးကြည့်​​နေမိသည်​..အညို​ရောင်​ ​ကော်​ဖီ​စေ့ကြီး​တွေအလား..ဝိုင်းစက်​​နေတဲ့မျက်​ဝန်း​တွေကို ​ကော့ညွတ်​ရှည်​လျားတဲ့မျက်​​တောင်​​မွေးကြီး​တွေ ဝန်းရံထား​သေးသည်​...
အို...က​လေးရယ်​ လှရက်​လိုက်​တာ..
မှုံ......'ဒီမှာ ဒီမှာ ရှင်​ဘယ်​လိုလူလဲ လူကိုဘာလို့စိုက်​ကြည့်​​နေတာလဲ...😠😠'ရှက်​ရှက်​နဲ့ ထိုလူကို​ငေါက်​လိုက်​မိသည်​..ထိုအခါမှ သတိဝင်​သွားပုံ​ပေါ်ကာ..
....'ကျွန်​​တော်​ ​ဘေးနားကခုံမှာထိုင်​ချင်​လို့ ဖယ်​​ပေးလို့ရမလား' ကျွန်​​တော်​ခွင့်​​တောင်းတဲ့အ​နေနဲ့ ယဉ်​​ကျေးစွာ​ပြောလိုက်​​တော့ သူမ​လေးက ပွစိပွစိ ဆူပုတ်​ပုတ်​​လေးဖြင့်​ ဖယ်​​ပေးသည်​...
က​လေးရယ်​...ဘယ်​လို​နေ​နေလှ​နေ​တော့တာပါလားကွယ်​....
မှုံ.....'ဒီမှာ ဒီမှာ ရှင့်​ဖုန်းပြုတ်​ကျသွားပြီ...'
....ကျွန်​​တော်​လဲ ဖုန်းကို​ကောက်​လိုက်​ပြီး
...'​ကျေးဇူးပါဗျ...'ကျွန်​​တော့ပြသနာ​တွေ ​မေ့ပြီး ဒီက​လေးမကို ဘယ်​လိုစွဲလမ်းမိမှန်းမသိ​အောင်​ပင်​...
ခဏ​နေ​တော့ သူမ​လေး​ဆင်းဖို့ပြင်​သည်​။
ကျွန်​​တော်​လဲ သူမ​လေး​နောက်​ကလိုက်​​နေမိသည်​...
ကားဂိတ်​​ရောက်​​တော့..
'ကျွီ....'ဒုတ်
မှုံ...'အ..ကျစ်​ ဘယ်​လိုလုပ်​လိုက်​တာလဲ'..
ကားသမားကလဲ ရှက်​ရတဲ့ကြားထဲ ဘရိတ်​ကိုဘယ်​လိုအုပ်​လိုက်​မှန်းမသိဘူး ဟွန့်​😒😒
ဆင်းပြန်​​တော့လဲ ​ခြေချင်းလိမ်​ပြီး ကိုယ်​​လေးက ယိုင်​သွားချိန်​...
' အို...'
သူ့မျက်​နှာရဲ့အနီးဆုံးကို​ရောက်​သွားကာ
သူ့လက်​​တွေက ကျွန်​မခါးမှာ....
သူ့မျက်​နှာကို mask တပ်​ထား​ပေမယ့်
ဆံပင်​​တွေက နဖူးမှာဝဲကျ​နေကာ
ဦးထုပ်​အနက်​ကို​ဆောင်းထားသည်​...
မျက်​ခုံး​တွေကထူထဲနက်​​မှောင်​​နေကာ
မျက်​ဝန်း​တွေ...အို..​တောက်​ပလိုက်​ပါဘိ
စူးရှပြတ်​သားတယ်​ဆိုပိုမှန်​မယ်​ထင်​တယ်​...
အကြည့်​ချင်းဆုံမိသည့်​ခဏ..
1 sec 2 sec 3 sec...
....'သတိထားပါ က​လေးမ'
မှုံ...'ရှင်​....aww..အင်း အင်း..​ကျေးဇူး..အမ်'​ပြောလို့ပင်​မဆုံးလိုက်​ ချာခနဲလှည့်​ထွက်​သွား​လေသည်​။ ဘယ်​လိုလူလဲဟ😒
....
......တစ်​ဖက်​မှာ ရှင်းစက်​ လူတစ်​စုကိုမြင်​လိုက်​လို့ ​ရှောင်​​ပြေးသွားခြင်းပင်​...
အတန်​ငယ်​လမ်း​လျှောက်​ပြီး​နောက်​ ဟိုတယ်​တစ်​ခုကို​တွေ့တာနဲ့ ချက်​ချင်းအ​ယောင်​​ဖျောက်​ကာ ဝင်​လိုက်​​တော့သည်​။..
ရှင်း.....'အမ နှစ်​​ယောက်​ခန်းတစ်​ခန်း​ပေးပါ..'
....'အခန်း ၀၂၁ကိုသွား​ပေးပါရှင်​...'
'ဂျ​လောက်​..ကျွီ..ဂျိတ်​.'
အခန်းထဲ​ရောက်​တာနဲ့ ရှင်း​မွေ့ရာ​ပေါ်လှဲချလိုက်​သည်​...
မျက်​လုံး​တွေမှိတ်​လိုက်​ချိန်​ က​လေးမရဲ့ပုံရိပ်​..
ငါ..ငါ..က​လေးမကိုစွဲလမ်းမိပြီလား...
ထိုစဉ်​..ph ringtoneသံတစ်​ခု ​အိတ်​ကပ်​ထဲက ရုတ်​တရက်​မြည်​လာသည်​..
'ဟင်​...ဒါ ဘယ်​သူ့ဖုန်းပါလိမ့်​'
ကြည့်​လိုက်​​တော့ Mom ဆိုတဲ့ contact no:​လေးက​ခေါ်​နေတာ..
'ဟာ...ဒါ..ဒါ က​လေးမဖုန်းပဲ..'
ရှင်း​တွေးလိုက်​တာတစ်​ခု
'ဒါဟာ ​ရေစက်​ပါတဲ့​တွေ့ဆုံခြင်းပဲ ဖြစ်​ရမယ်​'
😊😊😊😊
*************
Fic ကိုအား​ပေးတဲ့ reader ​တွေကို lov you all😘😘😘

လက်​ခံမှာလား..Where stories live. Discover now