ကားတစ်စီးပေါ်တွင်...
....ဟိတ် ဟိတ် မင်းမျက်စိကန်းနေလား
လူရပ်နေတာတောင်မမြင်နိုင်ရအောင် သေတော့မှာလား..
...လူတစ်ယောက်ရဲ့ဒေါနဲ့မောနဲ့ပြောဆိုသံက ကားပေါ်မှာ ကျယ်လောင်စွာထွက်ပေါ်လာသောအခါ...
အားလုံးက ထိုကောင်လေးကို ကြည့်ကွက်
ကြည့်ကွက် တိုးတီးစကားသံများ ထွက်ကုန်ကြသည်...
".... ကျွန်တော်တောင်းပန်ပါတယ်ဗျာ"
ကောင်းလေးက တောင်းပန်လိုက်သည်။
ထိုအခါမှ ဟိုလူလဲ ထပ်ပြောရခတ်ဆိုရခတ်
ငြိမ်သွားတော့သည်။
...ကျွန်တော် နောက်ကိုအရိပ်အခြည်ကြည့်
လိုက်တော့ ထိုလူတစ်စုလဲ ကားနောက်ကို
ပြေးလိုက်ရင်း အမောတကော ကျန်ခဲ့ကြသည်။....
...."ဟူး....တော်ပါသေးရဲ့"ကျွန်တော် စိတ်ချသွားပြီဖြစ်ရာ ထိုင်စရာရှာရတော့သည်။
တစ်နေရာကတော့ လွတ်သည်...ဒါပေမယ့်
အိပ်မောကျနေတဲ့ ကောင်မလေးတစ်ယောက်....ကျွန်တော်ဘယ်လိုဝင်ထိုင်ရမလဲ သူမလေးက နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတော့..
ကျွန်တော် ခေါင်းကုတ်လိုက်သည်..
ရုတ်တရက် ကားက ဘရိတ်အုပ်လိုက်လေသည်။
'....ကျွီ...........ဒုန်း...'
'ဟာ....'
'ဟင်...
' သွားပြီထင်တယ်...
တစ်ခုခုတော့ တိုက်မိသွားပုံရပါသည်။
ကားသမားလဲဆင်းကြည့်နေသည်။
ခွေးတစ်ကောင်တိုက်မိကြောင်း လူတွေပြောသံကြားတော့မှ အိပ်ပျော်နေတဲ့ သူမ အင်း အဲနဲ့ နိုးလာတော့သည်။.....
သူမ မျက်လုံးလေးဖွင့်လာချိန်..
'လှလိုက်တာ..'
မှုံ.....'ရှင်ဘာပြောလိုက်တယ်'ဒီလူကဘာလဲ
ငါ့အိပ်နေတာကို တစ်ချိန်လုံး ကြည့်နေခဲ့တာလား..oh! God!😨
ကျွန်တော် သူ့မျက်လုံးလေးကို သဘောကျစွာ ငေးကြည့်နေမိသည်..အညိုရောင် ကော်ဖီစေ့ကြီးတွေအလား..ဝိုင်းစက်နေတဲ့မျက်ဝန်းတွေကို ကော့ညွတ်ရှည်လျားတဲ့မျက်တောင်မွေးကြီးတွေ ဝန်းရံထားသေးသည်...
အို...ကလေးရယ် လှရက်လိုက်တာ..
မှုံ......'ဒီမှာ ဒီမှာ ရှင်ဘယ်လိုလူလဲ လူကိုဘာလို့စိုက်ကြည့်နေတာလဲ...😠😠'ရှက်ရှက်နဲ့ ထိုလူကိုငေါက်လိုက်မိသည်..ထိုအခါမှ သတိဝင်သွားပုံပေါ်ကာ..
....'ကျွန်တော် ဘေးနားကခုံမှာထိုင်ချင်လို့ ဖယ်ပေးလို့ရမလား' ကျွန်တော်ခွင့်တောင်းတဲ့အနေနဲ့ ယဉ်ကျေးစွာပြောလိုက်တော့ သူမလေးက ပွစိပွစိ ဆူပုတ်ပုတ်လေးဖြင့် ဖယ်ပေးသည်...
ကလေးရယ်...ဘယ်လိုနေနေလှနေတော့တာပါလားကွယ်....
မှုံ.....'ဒီမှာ ဒီမှာ ရှင့်ဖုန်းပြုတ်ကျသွားပြီ...'
....ကျွန်တော်လဲ ဖုန်းကိုကောက်လိုက်ပြီး
...'ကျေးဇူးပါဗျ...'ကျွန်တော့ပြသနာတွေ မေ့ပြီး ဒီကလေးမကို ဘယ်လိုစွဲလမ်းမိမှန်းမသိအောင်ပင်...
ခဏနေတော့ သူမလေးဆင်းဖို့ပြင်သည်။
ကျွန်တော်လဲ သူမလေးနောက်ကလိုက်နေမိသည်...
ကားဂိတ်ရောက်တော့..
'ကျွီ....'ဒုတ်
မှုံ...'အ..ကျစ် ဘယ်လိုလုပ်လိုက်တာလဲ'..
ကားသမားကလဲ ရှက်ရတဲ့ကြားထဲ ဘရိတ်ကိုဘယ်လိုအုပ်လိုက်မှန်းမသိဘူး ဟွန့်😒😒
ဆင်းပြန်တော့လဲ ခြေချင်းလိမ်ပြီး ကိုယ်လေးက ယိုင်သွားချိန်...
' အို...'
သူ့မျက်နှာရဲ့အနီးဆုံးကိုရောက်သွားကာ
သူ့လက်တွေက ကျွန်မခါးမှာ....
သူ့မျက်နှာကို mask တပ်ထားပေမယ့်
ဆံပင်တွေက နဖူးမှာဝဲကျနေကာ
ဦးထုပ်အနက်ကိုဆောင်းထားသည်...
မျက်ခုံးတွေကထူထဲနက်မှောင်နေကာ
မျက်ဝန်းတွေ...အို..တောက်ပလိုက်ပါဘိ
စူးရှပြတ်သားတယ်ဆိုပိုမှန်မယ်ထင်တယ်...
အကြည့်ချင်းဆုံမိသည့်ခဏ..
1 sec 2 sec 3 sec...
....'သတိထားပါ ကလေးမ'
မှုံ...'ရှင်....aww..အင်း အင်း..ကျေးဇူး..အမ်'ပြောလို့ပင်မဆုံးလိုက် ချာခနဲလှည့်ထွက်သွားလေသည်။ ဘယ်လိုလူလဲဟ😒
....
......တစ်ဖက်မှာ ရှင်းစက် လူတစ်စုကိုမြင်လိုက်လို့ ရှောင်ပြေးသွားခြင်းပင်...
အတန်ငယ်လမ်းလျှောက်ပြီးနောက် ဟိုတယ်တစ်ခုကိုတွေ့တာနဲ့ ချက်ချင်းအယောင်ဖျောက်ကာ ဝင်လိုက်တော့သည်။..
ရှင်း.....'အမ နှစ်ယောက်ခန်းတစ်ခန်းပေးပါ..'
....'အခန်း ၀၂၁ကိုသွားပေးပါရှင်...'
'ဂျလောက်..ကျွီ..ဂျိတ်.'
အခန်းထဲရောက်တာနဲ့ ရှင်းမွေ့ရာပေါ်လှဲချလိုက်သည်...
မျက်လုံးတွေမှိတ်လိုက်ချိန် ကလေးမရဲ့ပုံရိပ်..
ငါ..ငါ..ကလေးမကိုစွဲလမ်းမိပြီလား...
ထိုစဉ်..ph ringtoneသံတစ်ခု အိတ်ကပ်ထဲက ရုတ်တရက်မြည်လာသည်..
'ဟင်...ဒါ ဘယ်သူ့ဖုန်းပါလိမ့်'
ကြည့်လိုက်တော့ Mom ဆိုတဲ့ contact no:လေးကခေါ်နေတာ..
'ဟာ...ဒါ..ဒါ ကလေးမဖုန်းပဲ..'
ရှင်းတွေးလိုက်တာတစ်ခု
'ဒါဟာ ရေစက်ပါတဲ့တွေ့ဆုံခြင်းပဲ ဖြစ်ရမယ်'
😊😊😊😊
*************
Fic ကိုအားပေးတဲ့ reader တွေကို lov you all😘😘😘
YOU ARE READING
လက်ခံမှာလား..
Paranormalအချစ်ဆိုတာ ချစ်တဲ့အချစ်ပေါ်မူတည်ပြီး သိမ်မွေ့ညင်သာတာလား...ဒါမှမဟုတ် ရူးမိုက်သွားတာလား....ပြောပြခွင့်ရှိမယ်ဆိုရင်...