Guitor တစ်လက်နဲ့ သီချင်းတစ်ပုဒ်

265 22 0
                                    

Unicode

ကြယ်ရောင်တွေ စုံတဲ့ညဘက်မှာ
ဂစ်တာသံလေး ကြားဖူးတယ် ♬ ♬ ♬
. . .
. . . ပိုပိုဟေသာရဲ့ Star Online ဆိုတဲ့သီချင်းလေးကို ကြားမိတော့ ညီညီ ကိုယ့်ကို ဂစ်တာတီးပြီး သီချင်းဆိုပြခဲ့တာတွေကို သတိရမိပြန်ရော။ ကိုယ့်လို သံပုံးခေါက်သံနဲ့ မဟုတ်ပဲ ဂစ်တာသံလွင်လွင်လေးမှာ ညီညီရဲ့ ခပ်သြသြနဲ့ ရှတတအသံလေးက ကိုယ့်အတွက်တော့ သံလိုက်တစ်ခုလိုပဲ အမြဲဆွဲငင်နေတယ်။ တစ်ခါတစ်လေ ဘယ်သူ့အတွက်ရည်ရွယ်မှန်းမသိတဲ့ ညီညီရဲ့ အချစ်သီချင်းတွေက ကိုယ့်အတွက်တော့ အမြဲတမ်းရင်ခုန်စရာ ဖြစ်နေတတ်တာ ညီညီမသိဘူးလား။ မဟုတ်သေးဘူး။ မသိချင်ယောင်ဆောင်ခဲ့တာမလား။ ညီညီဟာ လူတွေကို ရင်မောအောင် လုပ်တဲ့နေရာမှာ ပါရမီပါပုံရတယ်။ ကိုကို့မှာတော့ ညီညီကြောင့် ရင်မောရတာ ခနခနပဲ။ ညဘက်တွေမှာ Chat box ကနေ စကားပြောမိတိုင်း ကိုယ် ညီညီကို ကြောက်ကြောက်လာတယ်။ ဘာလို့လဲ သိလား။ ညီညီက အစွယ်မပါပေမယ့် စကားလုံးတွေနဲ့ မြူစွယ်တတ်တဲ့ ကဝေလေးမို့လေ။ ညဥ့်နက်ထိ Active ဖြစ်နေတဲ့ ကိုယ့် account ကိုတွေ့တိုင်း ဒီချိန်ထိ မအိပ်သေးဘဲ ဘယ်သူတွေနဲ့ ကြူနေလဲဆိုပြီး အမြဲစစ်လားဆေးလား မေးတတ်တယ်။ ကိုယ့်မှာ ကြူစရာလူ မရှိတဲ့အကြောင်းကိုယ်က ပြောတော့ ဟုတ်လို့လားဆိုတဲ့ မယုံသင်္ကာစကားလုံးကြီးက ရောက်လာပြန်ရော။ ဒါနဲ့ကိုယ်က 'ပြောစရာဆိုလို့ ညီညီပဲရှိတာပါဗျာ လို့ပြောလိုက်တော့မှ ကျေနပ်သွားပုံနဲ့ 'ပီးရောလေ ဆိုတဲ့ ခပ်ဂျစ်ဂျစ်စကားလုံးလေး ပြန်ရောက်လာတယ်။ ကိုယ့်ကို ပြုစားတဲ့နေရာမှာ အရမ်းတော်တဲ့ ညီညီက တတိတိနဲ့ ချွေတာပေါ့။ ကိုယ်ကအိပ်မပျော်ဘူးပြောရင် ဖုန်းထဲကနေ ဂစ်တာတီးပြီး သီချင်းဆိုပြရမလားဆိုတာမျိုး ... ဆိုပြတဲ့သီချင်းကလည်း ကိုယ်အမြဲနားထောင်တတ်တဲ့သီချင်း ဖြစ်နေတာမျိုးပေါ့။ သီချင်းဆုံးသွားတဲ့အခါတိုင်းလည်း ချီးကျူးခံချင်တဲ့ လေသံနဲ့ ကောင်းလား ဆိုပြီးမေးတတ်သေးတာ ကိုယ့်ရဲ့ ချွဲပိုလေး ညီညီပါပဲ။

လေလှိုင်းပေါ်မှာ စကားလုံးတွေနဲ့ ချွဲရတာ အားမရတဲ့ ညီညီဟာ လူချင်းတွေ့ချိန်မှာပါ အမူအရာတွေနဲ့ ဆွဲဆောင်တော့တာပဲ။ ပြောရရင် ကိုယ်လည်းလူပဲ။ ဘာသားနဲ့ထုထားတာမှတ်လို့ကွာ။ ကြာလာတော့လည်း အရည်ပျော်တော့တာပေါ့။ အင်း...ကိုယ်တခုတွေးမိတယ် . . . ညီညီက ကိုယ့်ကိုနွေးထွေးစေမယ့် ဆောင်းတွင်းမီးဖိုလေးများလား ဒါမှမဟုတ် အနီးနားကပ်မိရင် အပူဟပ်မယ့် မီးပုံကြီးများလား . . . . .

ကိုကိုရယ် ညီညီရယ် ဂစ်တာတစ်လက်ရယ်Where stories live. Discover now