သံသရာကို မျက်ရည်တွေနဲ့ မလည်ချင်ဘူး
ကိုယ့်လက်နဲ့ ထိတွေ့လိုက်သမျှ အရာတိုင်း
ရယ်သံလွင်လွင်လေးတွေပဲ ထွက်နေစေချင်တာ
ဆုတောင်းတွေ မပြည့်ခဲ့ဘူး
ဖြစ်ခဲ့သမျှ အကြောင်းတိုင်းဟာ အကောင်းတွေပါ
မကောင်းတာ ရှိခဲ့ရင်လည်း
ဘယ်သူမပြု မိမိမှုပေါ့
အပြစ်ရှိဆုံးလူဟာ ကိုယ်ကိုယ်တိုင်ပါ
ကိုယ်ဟာ အပြစ်ရှိဆုံးလူပါ
ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်ဖို့
ကိုယ်တိုင်ပဲ တိတ်ဆိတ်ပစ်လိုက်မယ်
ကိုယ်တိုင်ပဲ ငြှိမ်းသတ်ပစ်လိုက်မယ်
အမှောင်ကမ္ဘာမှာ
ဘယ်လိုအလင်းမျိုးမှ မဖောက်ပါစေနဲ့
ဘယ်လိုအသံမျိုးမှ မရောက်ပါစေနဲ့
အဝေးရောက်သွားတဲ့
စက္ကူ စွန်ဟာ ကိုယ်ပါ
တကယ်တော့
ပျောက်ကွယ်မသွားချင်ပါဘူး
လွတ်မြောက်ချင်တာပါ
ခံစားမှုအဖုံဖုံကနေ
ပျော်စရာဖြစ်ဖြစ် ငိုစရာဖြစ်ဖြစ်
ဘာကိုမှ မလိုချင်တော့ပါ
ဒီဘဝလေး
အေးအေးသက်သာ ကုန်ဆုံးပါရစေ။#ပိုပိုဖီးနစ်။
ကျမရဲ့စိတ်ဝပ်ကျင်းများ
YOU ARE READING
ကျမရဲ့စိတ်ဝပ်ကျင်းများ
Randomပိုပိုဖီးနစ်၏ စာသားများအား သဘောကျ၍ ပြန်တင်ခြင်းသာဖြစ်ပါသည်။ ထိခိုက်ပျက်စီးစေလိုသော ဆန္ဒတစ်စိုးတစိမျှ မပါရှိပါ။ ခွင့်ပြုချက်တောင်းခံထားခြင်းမရှိပါ။ Unpublishedလုပ်ခိုင်းပါက တန်းလုပ်ပါမည်ဟု ဝန်ခံကတိပြုပါသည်။ ထိရှခံစားရသော စာအန...