14102018

79 3 0
                                    

ပြောရရင်တော့ဖြင့် .....

ချစ်သည်....

ဘယ်လို စကားလုံးနဲ့မှ ဖော်ပြလို့မရအောင်ကို

ချစ်သည်.....

သူ့ကို ကြည့်လိုက်တိုင်း..

မိုးပေါ်က နတ်သက်ကြွေကျလာသော

နတ်သားတစ်ပါးလိုမျိုး....

အမြဲ ထွန်းလင်းတောက်ပနေတဲ့

လမင်းကြီးလိုမျိုး....

အမြဲခံစားရသည်လေ.....

ဒီလိုခံစားရသည်က မှန်သည်...

အမှန်တရားကို မြင်ယောင်နေသည်မို့...

စူးရှတဲ့ ကိုယ်ရောင် ကိုယ်ဝါတွေ ဖြာထွက်နေတဲ့ နတ်သားတစ်ပါးကို ပိုင်ဆိုင်ရဖို့ မပြောနှင့်။ ထိရဖို့တောင် မလွယ်ပါ။

မိုးပေါ်က လမင်းကြီးကိုလည်း ခူးဆွတ်၍ ကိုင်တွယ်ဖို့က လုံးဝ မဖြစ်နိုင်သည့် အရာလေ...

ဒီလို အခြေအနေမျိုးမှာတင် ပျော်ပါတယ်...

သူသာ လမင်းကြီး ဖြစ်မယ်ဆို ကျွန်မက  ကြယ်လေးပေါ့...

မြောက်မြားလှတဲ့ ကြယ်တွေထဲကမှ တစ်ခုလေ...

သူပျော်ရင် ကျွန်မလည်း ပျော်တာမို့...

ဒီလို နေရာမျိုးမှာတင် ရောင့်ရဲပါတယ်...

================================

He...Tempat cerita menjadi hidup. Temukan sekarang