Season1 episode 6

2.2K 150 2
                                    

သရပါအလွန်
••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၆)
(Season - 1, Episode - 6)
- - - - - - - - - - - - - - - - - - - - - - - - - - - - -


၂၄. ၈.၂၀၁၆ ဗုဒ္ဓဟူး​နေ့......။

ဒီ​နေ့အိပ်​ယာကထကတည်းက မိုးခါး စိတ်
တွေအရမ်း​လေးလံ​နေသည်​။..။
အိပ်​​ပျော်ေ​နဆဲဖြစ်​တဲ့ပူတူး ကိုတစ်​ချက်​ နမ်းလိုက်​ပြီး မနက်​စာပြင်​​နေလိုက်​သည်​။.....။
ဘယ်​​တော့မှ မနက်​​စော​စောမထတတ်​တဲ့
အ​မေက သူနိုးကတည်းက အပြင်​ကိုသုတ်​သုတ်
ပြာပြာထွက်​သွားသည်​။...။
ရေ​နွေးတစ်​အိုးတည်​ပြီး ထမင်း​တစ်​အိုး​ကြော်
ကာ ​ပူတူးကိုနှိုးလိုက်​ပါသည်​။.....။
မျက်​နှာ​တွေဘာ​တွေသစ်​​ပေး ၊ အ၀တ်​အစားလဲ
ပေးပြီးတဲ့အထိ အ​မေကပြန်​မလာသဖြင့်​ မိုးခါး ​တွေး
ရကြပ်​သွားသည်​။

"...ကိုကို......ကိုကို..."

"....ဟင်​...ပူတူး...​ပြော​လေ...ဘာလဲ....."

"...ဒီ​နေ့..အရီးတို့လာ​ခေါ်မှာ....ပူတူးကိုအကျီ
လှလှ​လေးဝတ်​​ပေး....​ဒေါက်​ဖိနပ်စီး​ပေး..."

အသံ​သေး​သေး​လေးနဲ့​ပြော​နေ​သော ညီမငယ်
ကို မိုးခါး အသည်းယားလာသဖြင့်​ ပါးအို့အို့​လေး
အားလိမ်​ဆွဲလိုက်​သည်​။.....။

"...အင်းပါ...ဟုတ်​ပါပြီ...ကိုကို.လဲ​ပေးမှာ​ပေါ့
...မွ....ချစ်​စရာ​ကောင်းလိုက်​တာ.."

ခဏ​နေ​တော့ ပူတူးကိုအရီးတို့အိမ်​က မြင်း
လှည်းတစ်​စီးဖြင့်​လာ​ခေါ်သွားသည်​။.....။မိုးခါး
လည်း အကျီချွတ်​ကာ ပုဆိုးတိုတိုတစ်​ထည်​ဖြင့်
ရေချိုး​နေလိုက်​၏။....။
အိပ်​ယာထကတည်းက ငြီးစီစီဖြစ်​​နေကာစိတ်
လေး​နေတာမို့ ​ခေါင်းပါ​ရေ​လောင်းပြီး ရှန်​ပူနဲ့အမြှပ်
ထွက်​​အောင်​​လျှော်​ပစ်​လိုက်​သည်​။
ရေချိုးရင်းနဲ့ပဲ.... သွန်း ကအ​တွေးထဲ
ရောက်​လာသည်​။....။
ပူပူ​နွေး​နွေးရည်းစား​လေး....။ သူငယ်​ချင်းလို
တစ်​မျိုး..၊ ညီအစ်​ကိုလိုတစ်​ဖုံ ၊ ချစ်​သူလိုတစ်​သွယ်
သူ့​အ​ပေါ် အနိုင်​ယူတတ်​တဲ့ သူ။
ခေတ်​စကားနဲ့​ပြောရရင်​ သူ့ရဲ့ Uke ​လေး....။
စိတ်​အလွန်​​ကောက်​တတ်​ တဲ့ ​ကောက်​စိန်​​လေး..။
မိုးခါး နှုတ်​ခမ်း​တွေ ပြုံး​ယောင်​သမ်းလာသည်​။
ကိုယ့်​ကိုယ်​ကို Gay တစ်​​ယောက်​လို့ သတ်​မှတ်
ပြီးတဲ့​နောက်​ ​ယောင်္ကျားတစ်​​ယောက်​အ​ပေါ်
ပထမဆုံး ရင်​ခုန်​ဖူးတာ သွန်း တစ်​ဦးသာရှိသည်​။
တမာပင်​​ပေါလှ​သော အညာ​ဒေသမို့ ​​လေ
တစ်​ချက်​ ​ဝှေ့ လိုက်​တိုင်း ဖြူ​လွှလွှတမာပန်း​လေး
တွေက တဖြုတ်​ဖြုတ်​​ကြွေကျလာ၏။....။

သရပါအလွန်Where stories live. Discover now