Don't hate me!

1.1K 95 13
                                    

တဖြည်းဖြည်း
နီးကပ်လာတဲ့ နှုတ်ခမ်းနှစ်စုံ

ဒါက ဘယ်လို situation လဲ???

မျက်လုံးတွေကို မှိတ်ချလိုက်မိတော့
ရယ်သံသဲ့သဲ့ကြားလိုက်မိပီး ရုတ်တရက် နှုတ်ခမ်းပေါ်ကို ရောက်ရှိလာတဲ့ အနွေးဓာတ် ထို့နောက် နှုတ်ခမ်းမှ တဆင့်ပါးပေါ်သို့ 

ကိုယ်ကိုကိုယ်တိုင်ပင် မသိလိုက်ပဲ သူ့အပြုအမူတွေကို မငြင်းဆန်ပဲသဘောကျနေမိသည့် ကိုယ့်အဖြစ်ကိုကိုယ် အံဩမိသည်

မျက်လုံးတွေကို ဖွင့်ကြည့်မိတော့
သူ့မျက်နှာ ခပ်ချောချောကို အနီးကပ်မြင်ရသည်
မဟုတ်ဘူး သူက နဂိုထဲက ဒီလိုပဲ ချောနေခဲ့တာ မှတ်လား?

" Yu Nie-ah "

" ....... "

" ငါ ထပ်နမ်းလို့ရလား? "

" သေချင်လား? "

" ဟားဟား... "

ဟက်ဟက်ပက်ပက်ရယ်မောနေသည့် သူ့ကို ငေးကြည့်ကာ ကိုယ်တိုင်ပင် မသိလိုက်ပဲ ပြုံးမိနေသည်
ဘာလို့လဲ ငါတကယ်ချစ်တာ Sunbae မဟုတ်ဘူးလား? ဘာလို့ ဒီလို ခံစားချက်မျိုးတွေ ငါ့ဆီမှာ ရှိနေသေးတာလဲ

အတွေးတွေ နယ်လွန်ပီး ရုတ်တရက် ငိုင်သွားသော သူမကို ကြည့်ကာ ကျွန်တော် ရင်လေးမိသည်

" ဒီထက်ပိုပီး အချိန်ဆွဲလို့ မဖြစ်တော့ဘူး
  နောက်ကျသွားရင် ငါ Yu Nie ကို   ဆုံးရှုံးရလိမ့်မယ် "

ငေးငိုင်နေသည့် သူမကို ခါးမှ အတင်းဆွဲဖက်ကာ အိပ်ယာထဲကို လှဲလိုက်ပီး အတင်းအကြပ် ဖက်ထားလိုက်တော့ ဆဲသံတွေက အစုံပလုံထွက်လာသည်

မသိချင်ယောင်ဆောင်ရင်း မျက်လုံးတွေကို မှိတ်ထားလိုက်မိသည်

" Yu Nie-ah မင်း ဆံပင်လေးတွေက မွှေးလိုက်တာ "

ငါ့ကို မမုန်းလိုက်ပါနဲ့နော်

×××××××××××××××××××××

" ဘာ ဟိုSunbae နဲ့ သွားတွေ့မလို့ ဟုတ်လား? "

" အင်း.... "

" သွားတွေ့ပီး ဘာလုပ်မှာလဲ ဖုန်းနဲ့ ဇာတ်လမ်းပြတ်လိုက်ရင် ပီးနေပီပဲ
Yu Nie-ah မသွားပါနဲ့ "

" ....... "

မဖြစ်ဘူး အဲ့ကောင်နဲ့ ပြန်တွေ့ပီး သူမ စိတ်ပြန်ယိုင်သွားရင် ဘယ်လိုလုပ်မလဲ

" ငါသွားတော့မယ် နောက် ၂ နာရီလောက်နေရင် ပြန်လာခဲ့မယ် "

" သွားမယ် ငါနဲ့ အတူသွားမယ် ငါလိုက်ပို့ပေးမယ် "

" ဘာ! .... "

" မင်းတို့ ချိန်းတွေ့တဲ့နေရာထိတော့ မလိုက်ပါဘူး အဲ့နေရာနဲ့ ခြေလှမ်း ၁၀၀ အကွာအဝေးမှာ နေခဲ့မယ် အဲ့လိုဆိုရတယ် မှတ်လား Yu Nie-ah ဒီလောက်တော့ ငါ့ကို ခွင့်ပြုပေးပါနော် "

ပြောနေရင်း ရင်ခွင်ထဲကို ဖက်ထားလိုက်တော့ မရုန်းတော့ပေ
ဒါပေမယ့် ဘာမှတော့ ပြန်မပြောသေး

" ခွင့်ပြုပေးမယ်မှတ်လား Yu Nie-ah ခွင့်မပြုရင် ဒီအတိုင်းကြီး ဖက်ထားမှာနော် မလွှတ်ပေးတော့ဘူး "

သူမက ပြောမရဆိုမရကျွန်တော့်အား စိတ်ကုန်သော အကြည့်ဖြင့် တချက်မော့ကြည့်လိုက်ပီး

" သဘောပဲ လိုက်ချင်လဲလိုက် "

××××××××××××××××××××××

မင်းအခုဆိုလိုချင်တာက ကိုယ်နဲ့ လမ်းခွဲချင်တယ်ဆိုတဲ့ သဘောလား?

" Mianhaeyo Sunbae "

မပွင့်မလင်းဖြစ်နေတဲ့ သူမကို မြင်ရတာ ရင်ထဲမှာ ပိုပူလောင်စေတယ် ဆုံးရှုံးရတော့မယ်ဆိုတဲ့ အသိက နှလုံးသားကို အဆက်မပြတ် သတိပေးတေယ်

" Yu Nie-ah ကိုယ်နဲ့ တကယ်လမ်းခွဲချင်နေပီလား? "

" .......... "

ငိုသံစွက်နေတဲ့ သူ့အမေးကို အဖြေပြန်မပေးနိုင်တော့ပါ ခေါင်းကို ခပ်သွက်သွက် ငြိမ့်ပြလိုက်မိသည်

" ဒါဆို ကျွန်မသွားလိုက်ပါအုံးမယ် Sunbae အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်နော် အားလုံးက ကျွန်မအမှားတွေပဲမို့ ခွင့်လွှတ်ပေးပါနော် "

တိတ်ဆိတ်နေသော သူ့ကို ကျောခိုင်းလိုက်ရင်း လှည့်ပြန်ဖို့ ပြင်လိုက်မိသည်

နောက်ထပ် ခြေလှမ်း ၁၀၀ပဲ Yu Nie
နောက်ထပ် ခြေလှမ်း ၁၀၀ လျှောက်သွားနိုင်ရင် နင့်ကို စောင့်နေတဲ့ Jungkook ကိုတွေ့လိမ့်မယ်

ခြေလှမ်း ၁၀လှမ်း မပြည့်မှီ
နောက်ကနေ သိုင်းဖက်လိုက်သော Sunbae

" Yu Nie-ah ကိုယ့်ကို မထားခဲ့ပါနဲ့နော် ဒီလိုမျိုးကြီး ကိုယ့်အပေါ် မရက်စက်လိုက်ပါနဲ့ တောင်းပန်ပါတယ် "

အခု ငါဘယ်လိုဆက်လုပ်ရမလဲ?

You've reached the end of published parts.

⏰ Last updated: Oct 23, 2018 ⏰

Add this story to your Library to get notified about new parts!

Maybe I'm Missing YouWhere stories live. Discover now