part 21

6.4K 417 34
                                    

မြေ့တို့ပြန်​သွားပြီမို့ ​​ကိုယ့်​အခန်းထဲကိုယ်​ ဝင်​ပြီး လုပ်​စရာ
ရှိသည့်​ အရာများလုပ်​​နေမိသည်​ ။

မေ​မေကလဲ ဒီ​နေ့မှ အ​စောကြီးအိပ်​ချင်​သည်​ဆို၍
အခန်းထဲတွင်​အနားယူ​နေသည်​ ။

" ကိုကြီး သမီးဝင်​လာခဲ့လို့ရမလား "

မိမှူးအသံ​ကြောင့်​ ရုတ်​တရက်​ထူးဆန်းသည်​ဟုပင်
တွေးလိုက်​မိသည်​ ။

" ရတယ်​ မိမှူး "

တံခါးဖွင့်​ဝင်​လာသည့်​ မိမှူးမျက်​နှာက တစ်​ခုခုကို
အလိုမကျသည့်​ပုံပင်

" ကိုကြီး သိနှင့်​ပြီးသားလား "

" ဘာကိုလဲ "

ဟုတ်​သည်​ တကယ်​ကိုပင်​ မိမှူးဘာအ​ကြောင်း​မေး​နေ
သည်​လဲဆိုတာကို မသိ​ပေ။

" သူရိန်​နဲ့ သမီးအ​ကြောင်းကို​လေ "

" aww အင်း ဟုတ်​တယ်​ ။ သူရိန်​က ရည်းစားစကား​ပြော
တာကိုလဲသိတယ်​ ။ ဒီ​နေ့ ကိုကြီးမရှိတဲ့အချိန်​မှ သူရိန့်​ကို
အိမ်​​ခေါ်ပြီး ​မေ​​မေနဲ့​ပေး​တွေ့မယ်​ဆိုတာလဲသိတယ်​ "

" ဘယ်​သူ​ပြောတာလဲ ချမ်း​မြေ့လား "

" မဟုတ်​တာက​ပြောပြီ ။ အဲ့အ​ကြောင်း​တွေအကုန်​လုံးကို
မေ​မေက ကိုကြီးကို ​ပြောပြတာ "

" ဟွန့်​​မေ​မေကလဲ မ​ပြောပါနဲ့ဆိုမှ "

" ကိုယ့်​အ​မေကို ​ပြော​နေတယ်​ ဒီက​လေးမ မိုးကြိုးပြစ်​ခံရ
တော့မှာပဲ ။ သွားသွား ​ဝေး​ဝေးသွား​နေ ​တော်​ကြာ
စက်​ကွင်းမလွတ်​လို့ ငါပါထိ​နေမယ်​ "

" ကိုကြီး​နော်​ !!! "

" သူရိန့်​ကို သ​ဘောကျလား "

မေးလိုက်​သည့်​​မေးခွန်းက မိမှူးအတွက်​ အ​တော်​ကို
ခက်​ခက်​ခဲခဲဖြစ်​သွားပုံပင်​ စကားကိုပြန်​မလာ​တော့ပဲ
ခေါင်းသာငုံ့ထားသည်​ ။

" ကိုကြီးက​ရော သူ့ကိုသ​ဘောကျလား "

" ဟ ငါကသူ့ကိုယူရမှာမဟုတ်​ဘူး​လေ ။ နင်​သ​ဘောကျမှ
နင်​နဲ့ယူရမှာ​လေ ငါသ​ဘောကျစရာလိုလို့လား "

OLDFLAME ( Completed) Where stories live. Discover now