For .. Him

3K 222 1
                                    

တစ်​ခါတစ်​​လေ မင်း​ရှေ့မှာ ငါ့ အားနည်းမှု​တွေကို
မပြချင်​ဘူး ..

လက်​​ကောက်​ဝတ်​တစ်​ဖက်​စီ အကြမ်းအရမ်း ချုပ်​ကိုင်
ခြင်းခံထားရ​သော ကျ​တော်​သည်​ ​ကျောခိုင်းသွား​လေသူ
အား ​အော်​ဟစ်​အကူအညီ​တောင်းချင်​​ပေမဲ့ ကိုယ့်​မာနသာ
ပစ်​စလက်​ခတ်​ လျစ်​လျူ ရှုခံရမည်​မှာ မလွဲနိုင်​သဖြင့်
မကြာ​သေးခင်​ ခံစားရ​တော့မည့်​ ထိုးနှက်​မှုများအား
စိတ်​​လျှော့ကာ ငြိမ်​ခံရန်​ ဆုံးဖြတ်​လိုက်​သည်​ ။

" ရပ်​ စမ်း .. "

မျှော်​လင့်​သူမဟုတ်​​သော်​ငြား အနာမခံရ​တော့ဘူးဆိုသည့်
အ​ပျော်​စိတ်​က​တော့ နည်းနည်းပါးပါး
ကွန့်​မြူးလာသည်​​ပေါ့ ။

" သူ့ကို မလွှတ်​ဘူးလား .. ​ကျောင်းသား​ကောင်​စီက
ဆင့်​​ခေါ်စာ အိမ်​​ရောက်​ချင်​လား "

ခပ်​ပြတ်​ပြတ်​ အမိန့်​ဆန်​ဆန်​နှင့်​ မည်​မျှ​ကျောင်းလူမိုက်
ဖြစ်​ဖြစ်​ ဤ​လူငယ်​ကို​တော့ ​စောဒကမတက်​ရဲ​အောင်
နာခံတက်​ကြစမြဲ ။

" Cai XuKun .. အဆင်​​ပြေလား "

" ​ကျေးဇူးတင်​ပါတယ်​ .. LinKai .. "

ကျ​တော့်​ထက်​​တောင်​ လူ​ကောင်​​သေးပြီး က​လေးသာသာ
ဖြစ်​​ပေမဲ့ ​ကျောင်းသား​ကောင်​စီ၏ ဥက္ကဌရာထူး​အောက်
တွင် သူ့ချစ်​ချစ်​ ၇ ​ပေ​ကျော်​မိုးထိုးအရပ်​ပိုင်​ရှင်
်​​အားကိုးဖြင့်​ ထို​ကောင်​​လေးသည်​ စီနီယာ ဂျူ နီယာ
ဂရုမစိုက်​စွာ သူ့အာရုံထဲရှုပ်​လျှင်​ သိသိသာသာ ဥက္ကဌ
ပါဝါပြတက်​​ပေ၏ ။

" မလိုဘူး .. ​"

မျက်​နှာ​ချီကာ ကျ​တော့်​၏​ကျေးဇူးတင်​မှုက သူ့အတွက်
အ​ရေးမပါသ​ယောင်​ ​​​​​နောက်​ပြန်​လှည့်​ပြီး ​ခြေလှမ်းအ​တော်
ရောက်​မှ ​ခေါင်းအနည်းငယ်​​စောင်းကာ ကျ​တော့်​အား
စိတ်​ဓာတ်​အကျ​စေဆုံး စကားအား​ပြောသွား​လေရဲ့ ။

" ငါ့အကို က နာမည်​နဲ့ဘဲတွဲတာ .. မင်းကို
စောက်​ဖက်​လုပ်​လိမ့်​မယ်​ဆိုတဲ့စိတ်​ကူးယဉ်​တာ​တွေ
ရှိရင်​ အခုကတည်းက လစ်​လိုက်​​တော့ "

မည်​မျှမြင်​ပြင်းကပ်​ချင်​စရာ​ကောင်းသနည်း ။

အကို​ရော ညီ​ရော တစ်​​လေသံတည်း ။

ကျောင်းခန်းထဲ​တောင်​မ​ရောက်​​သေး ..
တွန့်​​ကြေ ကုန်​​သောအင်္ကျီအဖြူ ​ ..
မြေပြင်​​ပေါ်က ပြန့်​ကြဲဆဲ စာအုပ်​များ ..
နှုတ်​ခမ်း​ထောင့်​မှ ​သွေးစစ ..

ကျ​တော်​ Cai XuKun ၏ ကံဆိုး​သော ​နေ့ ဟု
နံပါတ်​စဉ်​တပ်​ရန်​​စော​ပါ​သေးသည်​ ။

တစ်​ခါတစ်​​လေ ​စီနီယာ​ကျောင်းလူမိုက်​များဆီမှ
ပိုက်​ဆံ​တောင်းကန်​​ကျောက်​ခံရသည်​က ကျ​တော်​သာ
မဟုတ်​ .. ကျ​တော့်​လို အပေါင်းအသင်းနည်းပြီး
ခပ်​​အေး​အေး​နေတက်​သည့်​​ကျောင်းသားများအတွက်
ဖြစ်​ရိုးဖြစ်စဉ်​တစ်​ခုသာသာ ။

သို့​သော်​ .. လွန်​ခဲ့သည့်​ တစ်​ပတ်​​လောက်​မှစ၍
ကျ​တော်​၏ လူရာသွင်းခြင်းမခံထားရ​သော ​ကျောင်းသား
ဘဝ​လေးသည်​ တစ်​​ယောက်​​သောသူ​ကြောင့်
ဆိုင်​ကလုံးဝင်​ကာ လူအများ၏ အတင်းအဖျင်းကြားထဲ
ဂယက်​ရိုက်​ခဲ့​လေသတဲ့ ။

" သနားစရာ ဟိုက သူ့ကို အဖက်​လုပ်​ဖို့​နေ​နေသာသာ
အထိုးခံ​နေရတာကို​တောင်​ လှည့်​ကြည့်​မသွား "

ကြား​နေကြဖြစ်​​သော်​လည်း .. ​ကျောက်​​ဆောင်​​တောင်
ရေတိုက်​စားတာများလျှင်​ ​ပါးသွားနိုင်​သေးသည်
မဟုတ်​ပါလား ။

ထို့အတူ ကျ​တော်​သည်​လည်း လူ့စိတ်​သ​ဘောသဘာဝ
အရ အနည်းနှင့်​အများ​တော့ ဝမ်းနည်း ​တက်​​သေး၏ ။
စိတ်​ထိခိုက်​ရ၏ ။

သို့​သော်​ငြား ။
ကျ​တော်​ကိုယ်​တိုင်​ကကို အမည်​ခံရည်းစားဆိုသည့်
အ​ခေါ်အ​ဝေါ်အ​ပေါ် ကြည်​နူး​နေ​လေ​တော့ ဖြစ်​လာသမျှ
ငြိမ်​ခံပြီး မသိချင်​​ယောင်​​ဆောင်​တက်​ရသည်​​ပေါ့ ။

သူ့အတွက်​ ကျ​တော်​က အ​ရေးမပါဘူးဆိုလျှင်​​တောင်
သူက ကျ​တော့်​အတွက်​ ​အရာရာထက်
ပိုအ​ရေးပါ​နေသည်​ကိုး ။

သူ့ကိုချစ်​သည်​ဆိုတဲ့ ခံစားချက်​​က​လေးက
ကျ​တော်​ , Cai XuKun , အတွက်​အထီးမကျန်​​စေ
သည်​မို့ အသက်​ရှင်​ရပ်​တည်​ဖို့​မျှော်​လင့်​ချက်​​တွေ
တစ်​​ထွေးတစ်​ပိုက်​နဲ့မို့ ချစ်​ရတာ ​နောင်​တမရခဲ့ပါ ။

.....


မုန်​တိုင်းလို့ထင်​တယ်​​ပေါ့ 😂
အသစ်​အပ်​လို့စိတ်​မဆိုးနဲ့ အစအဆုံး​ရေးပြီးသားမို့
တင်​တာပါ​နော်​ 😒

Papillon ( ZiKun ) [ Complete ]Wo Geschichten leben. Entdecke jetzt