အပိုင်း ~~~ ၅

2.3K 205 32
                                    

လျှင်​မြန်​စွာလှုပ်​ရှားသွားလာ​နေကြ​သောအနက်​​ရောင်​အရိပ်​များ ကို​ရှောင်​ကွင်းရင်း အ​ဆောင်​အပြင်​ကို ​ပြေးထွက်​လာကြ​တော့သည်​။ နန်း​ဆောင်​အ၀မှာ ​နေရာယူထား​သော အနက်​​ရောင်​လူနှစ်​​ယောက်​​ကို မြင်​လိုက်​ရတာမို့တိုင်​ပင်​မထားပါပဲ တိုင်​ကြီး​တွေ ရဲ့အကွယ်​မှာ ၀င်​​ရောက်​ပုန်းကွယ်​လိုက်မိကြသည်​။

" အင်း......"

အခုမှ အိမ်မက်ကောင်းမက်နေရာကနိုးလာရသလိုတအင်းအင်း အသံပြုလာသော မင်းသားငယ်မှာ မျက်လုံးတွေပွင့်
ပွင့်ချင်းမြင်လိုက်ရသည်က ခါးစည်းကြိုးပြေလျော့နေတာ
ကြောင့် ပွင့်ဟနေတဲ့ အင်္ကျီထဲက သန်မာထွားကျိုင်းတဲ့
ကြွက်သားအဖုအထစ်တွေမို့ အလန့်တကြား မော့ကြည့်
ကာ ထိတ်လန့်စွာ အော်ဟစ်လိုက်မိသည်။

" အု...... "

အားရပါးရအော်လိုက်သော မိမိအသံတွေအပြင်ကို ပွင့်အံ
ထွက်မလာခဲ့ပေ အဘယ်ကြောင့်ဆိုသော ထို လူစိမ်းက
မိမိပခုံးနှစ်ဖက်ကို တင်းကျပ်စွာဆုပ်ကိုင်ကာ နှစ်ခမ်းသား
တစ်ခုလုံးကို ငုံထွေးထားလိုက်သောကြောင့်ပင်ဖြစ်သည်။
ဒါက ဘယ်လိုအနေအထားမျိုးလဲ...အခု ကျွန်တော်က
ယောကျာ်း တစ်ယောက်နမ်းတာကို ခံနေရတာလား.....
မဟုတ်ဘူးလေ.....ဒါ မဟုတ်သေးဘူး....  ဒီလိုဖြစ်လို့်မရ
ဘူး......

အလျင်စလိုခေါင်းကို ခါရမ်းလိုက်တော့ ထိုလူစိမ်းရန်မှ လွတ်လာသော မိမိနှုတ်ခမ်းပါးလေးကိုလက်နှစ်ဖက်ဖြင့် အုပ်
ကာ ထိုလူစိမ်းကို မကျေမနပ်မော့ကြည့်လိုက်သည်။
သို့သော် သူ့ရဲ့နီစွေးနေသော နှုတ်ခမ်းထူထူကို လျှာဖြင့်
သပ်ကာ မိမိအနားအထိ ထပ်မံတိုးနှိမ့်လာသော ဦးခေါင်း
ကြောင့် မျက်လုံးကိုစုံမှိတ်ကာ ခေါင်းငုံချထားလိုက်မိတော့
သည်။

" တိုးတိုးနေပါ မင်းသား....  စကားမပြောနဲ့ မလှုပ်ရှားနဲ့
အခု.....အန္တရာယ်က လက်တစ်ကမ်းမှာ ရှိနေတယ်.... "

နားနားတိုးကပ်ကာ လေသံလေးဖြင့်ပြောလာသော စကား
ကြောင့် မျက်လုံးတွေဖွင့်ကာ သတိထားကြည့်မိတော့ မိမိနဲ့ ထိုလူစိမ်းဟာ မှောင်ရိပ်ကျသော တိုင်တစ်တိုင်ရဲ့ နောက်ကွယ်မှာ ပုန်းခိုနေရတာ ဖြစ်ပြီး မလှမ်းမကမ်းမှာလဲ ဓား
ကိုင်ကာ ပုန်းကွယ်နေသော ဟွန်းနီး ကိုလှမ်းတွေ့လိုက်ရတာမို့ ပိုမိုအံ့အားသင့်သွားရပြန်သည်။

အရှင့်​ရဲ့ ကြင်​ယာ​တော်​Donde viven las historias. Descúbrelo ahora