Translator - Jinnie_Grace
Zawgyi Ver:
ဧကရာဇ်က ရန်ရှီနဉ်နှင့် ဖေ့ကျင်းတို့နှစ်ဦး၏ မင်္ဂလာပွဲ
ဧည့်ခံပွဲကို နန်းတော်ထဲတွင်ပင် ကျင်းပပေးခဲ့သည်။ဧကရာဇ်နှင့် ဖေ့ကျင်းတို့ကြားတွင် ရင်းနှီးနွေးထွေးသော
ဆက်ဆံရေးမရှိခဲ့သော်လည်း ဧကရာဇ်က မင်္ဂလာပွဲ
အခမ်းအနားကို မင်းသားတစ်ဦး၏ အဆောင်အယောင်
နှင့်အညီဖြစ်အောင် ပြုလုပ်ပေးရန် အမိန့်ပေးခဲ့သည်။မြို့တော်တွင်းရှိ လူများကတော့ မင်္ဂလာပွဲတွင်
နဝမမင်းသား၏ ချောမောခန့်ညားမှုကို ချီးမွမ်းအံ့သြ
မဆုံးနိုင်အောင်ဖြစ်ခဲ့ကြသလို မိန်းမပျိုများကလည်း
နဝမမင်းသား၏ သတို့သမီးလောင်းအပေါ်
မနာလိုဖြစ်မိကြပေသည်။သို့သော် လူတိုင်းနားလည်လက်ခံထားကြသည်မှာ
ခန့်ညားသော သတို့သားနှင့် လှပသောသတို့သမီးသည်
သူတို့၏ မိသားစုအသီးသီးတွင် မျက်နှာသာပေးခြင်း
မခံရသည့်သူများ ဖြစ်သောကြောင့် သူတို့နှစ်ယောက်သည် ကောင်းကင်မှစုံဖက်ပေးသောစုံတွဲဖြစ်သည်ဟူ၍
ပင်။အိမ်ရှေ့မင်းသားနှင့် သတ္တမမင်းသား၏ အပေါင်းအပါ
တသိုက်အတွက်မူ နဝမမင်းသားက အိမ်တော်အတွင်း
တွင် မည်သည့်အာဏာမှ မရှိသည့် တစ်စုံတစ်ယောက်နှင့်
လက်ထပ်လိုက်ရခြင်းအပေါ်တွင် စိတ်သက်သာရ ရသွား
ကြသည်။မင်္ဂလာပွဲသို့ လာရောက်ကြသည့် ပရိတ်သတ်အပေါင်း
မှာတော့ သတို့သား၏ နှဖူးတွင် အဘယ်ကြောင့်
အာလူးသီး ထနေရသည်ကို သိချင်စိတ်ပြင်းပြနေကြလေသည်။"ကျွန်တော် မိန်းကလေးရန် ကို လက်ထပ်ရမှာ
စိတ်လှုပ်ရှားလွန်းလို့ အခန်းထဲကိုတောင် ဝင်သွားမိတယ်လေ"
ဖေ့ကျင်းကတော့ ဧည့်ခံပွဲလာ ပရိတ်သတ်များကို
ရှင်းပြနေလေသည်။
YOU ARE READING
ဉာဏ်များလွန်းသော ခင်ပွန်းသည်
Historical Fictionဖေ့ကျင်းသည် ဝမ်းတွင်းမည်းမင်းသားတစ်ပါး...အပြင်လူတွေအမြင်မှာတော့ သူက တည်ငြိမ်အေးဆေးပြီး ကြင်နာတတ်သော လူကြီးလူကောင်းတစ်ယောက်... ရန်ရှီနဉ်ကတော့ သိုးရေခြုံနေသော ဝံပုလွေတစ်ကောင်ဖြစ်သည်...အပြင်လူတွေအမြင်မှာတော့ သူမဟာ...