အခန်း (၅)/ ခ

10K 1.1K 59
                                    

Translator - Jinnie_Grace

Zawgyi Ver:

ဧကရာဇ်​က ရန်​ရှီနဉ်​နှင့်​ ​ဖေ့ကျင်းတို့နှစ်​ဦး၏ မင်္ဂလာပွဲ
ဧည့်​ခံပွဲကို နန်း​တော်​ထဲတွင်​ပင်​ ကျင်းပ​ပေးခဲ့သည်​။

ဧကရာဇ်​နှင့်​ ​ဖေ့ကျင်းတို့ကြားတွင်​ ရင်းနှီး​နွေး​ထွေး​သော
ဆက်​ဆံ​ရေးမရှိခဲ့​သော်​လည်း ဧကရာဇ်​က မင်္ဂလာပွဲ
အခမ်းအနားကို မင်းသားတစ်​ဦး၏ အ​ဆောင်​အ​ယောင်
နှင့်​အညီဖြစ်​​အောင်​ ပြုလုပ်​​ပေးရန်​ အမိန့်​​ပေးခဲ့သည်​။

မြို့​တော်​တွင်းရှိ လူများက​တော့ မင်္ဂလာပွဲတွင်
နဝမမင်းသား၏ ​ချော​မောခန့်​ညားမှုကို ချီးမွမ်းအံ့သြ
မဆုံးနိုင်​​အောင်​ဖြစ်​ခဲ့ကြသလို မိန်းမပျိုများကလည်း
နဝမမင်းသား၏ သတို့သမီး​လောင်းအ​ပေါ်
မနာလိုဖြစ်​မိကြ​ပေသည်​။

သို့​သော်​ လူတိုင်းနားလည်​လက်​ခံထားကြသည်​မှာ
ခန့်​ညား​သော သတို့သားနှင့်​ လှပ​သောသတို့သမီးသည်
သူတို့၏ မိသားစုအသီးသီးတွင်​ မျက်​နှာသာ​ပေးခြင်း
မခံရ​သည့်​သူများ ဖြစ်​​သော​ကြောင့်​ သူတို့နှစ်​​ယောက်​သည်​ ​ကောင်းကင်​မှစုံဖက်​​ပေး​သောစုံတွဲဖြစ်​သည်​ဟူ၍
ပင်​။

အိမ်​​ရှေ့မင်းသားနှင့်​ သတ္တမမင်းသား၏ အ​ပေါင်းအပါ
တသိုက်​အတွက်​မူ နဝမမင်းသားက အိမ်​​တော်​အတွင်း
တွင်​ မည်​သည့်​အာဏာမှ မရှိသည့်​ တစ်​စုံတစ်​​ယောက်​နှင့်
လက်​ထပ်​လိုက်​ရခြင်းအ​ပေါ်​တွင်​ စိတ်​သက်​သာရ ရသွား
ကြသည်​။

မင်္ဂလာပွဲသို့ လာ​ရောက်​ကြသည့်​ ပရိတ်​သတ်​အ​ပေါင်း
မှာ​တော့ သတို့သား၏ နှဖူးတွင်​ အဘယ်​​ကြောင့်
အာလူးသီး ထ​​နေရသည်​ကို သိချင်​စိတ်​ပြင်းပြ​နေကြ​လေသည်​။

"ကျွန်​​တော်​ မိန်းက​လေးရန်​ ကို လက်​ထပ်​ရမှာ
စိတ်​လှုပ်​ရှားလွန်းလို့ အခန်းထဲကို​တောင်​ ဝင်​သွားမိတယ်​​လေ"
ဖေ့ကျင်းက​တော့ ဧည့်​ခံပွဲလာ ပရိတ်​သတ်​များကို
ရှင်းပြ​နေ​လေသည်​။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now