ep6🌸

2.3K 394 34
                                    


အနည်းငယ်အေးသော မနက်ခင်းဖြစ်၍  ဂျင် ကျောင်းဝတ်စုံအား ရင်ဘတ်နားဆွဲစိရင်း ထွက်မလာသေးသော ဂျွန်း အဆောင်ရှေ့ရပ်နေမိသည်...

ခနနေမှ သူ့ပုခုံးဆီသို့ မှေးတင်လာသော လက်ဖြူဖြူတစ်စုံကြောင့် ဂျင် မော့ကြည့်လိုက်မိသည်..
လှေကားပေါ်မှာမို့ သူ့ကို ငုံ့ကြည့်သလိုဖြစ်နေသော ဂျွန်း က...

""သွားကြမယ်လေ.."'

မျက်နှာတည်ကြီးဖြင့် ပြောကာ သူ့ရှေ့ကထွက်သွားလေတော့သည်..သူဖြတ်သွားခိုက် ခပ်သင်းသင်းရသော ရနံ့လေးက သင်းသင်းလေး ဂျင့်နှာဝသို့ဖြတ်သွားလေ၏

""ဒီကောင် ဘာရေမွှေးများသုံးပါလိမ့်"'
.
.
..........................

Driverဦးလေးကြီးက ရှေ့တွင် ကားမောင်းနေစဉ် သူနှင့် ဂျွန်းက နောက်တွင် နှစ်ယောက်တည်း တိတ်ဆိတ်စွာထိုင်နေကြသည်..

ဂျွန်း လက်ထဲတွင် ဂျပန် ရိုးရာ ယဉ်ကျေးမှုစာအုပ်တစ်အုပ်အားကိုင်ထားကာ စိတ်ပါဝင်စားစွာဖတ်ရှုနေလေ၏...

ဂျင် ပျင်းတာကြောင့်  လမ်းတစ်လျှောက် ဟိုငေးဒီငေးဖြင့်သာ လိုက်ပါလာရသည်..ကားလေးက ကျောင်းဝန်းအတွင်း ချိုးဝင်ခဲ့တော့ လမ်းတွင် စာအုပ်လေးပိုက်ကာ လျှောက်နေသော အာကီအို အား ဂျင် မြင်လိုက်ရသည်..

""ဟိုး!ဦးလေး ကားရပ်ပေးပါ.."'

ဂျွန်းမျက်လုံးတွေက စာအုပ်ဆီမှ ခွာကာ သူ့အားကြည့်သည်ကိုမြင်လိုက်ရသည်..ဂျင် ဟီးခနဲရယ်ပြကာ..

""ငါ ဒီမှာပဲ ဆင်းတော့မယ်.."'

ပြောရင်းဆိုရင်း ကားတံခါးကို ဆွဲဖွင့်ကာ ဂျင် ဆင်းသွားလေတော့သည်...ဂျွန်း စာအုပ်လေးကို ပိတ်ကာအပြင်ဘက်အား ငေးကြည့်လိုက်သည်...ပြုံးရွှင်နေသော မျက်နှာ နှင့် ဂျင်က အာကီအိုဆီ ဦးတည်လျှက်...

တဆစ်ဆစ်နာလာသော ရင်ဘတ်အား လျစ်လျူရှုကာ သူအကြည့်လွှဲလိုက်သည်..ငါ့ရင်ထဲ ဆာကူရာတွေကြွေနေတာ မင်းမှမသိပဲ ဂျင်....
.
.
..........................🌸🌸

""ရှင်က ဂျွန်း နဲ့ရင်းနှီးလား"'

ဂျင် ဆံပင်ရွှေဝါရောင် များအား လက်နှင့်တစ်ချက် ခါထုတ်လိုက်ရင်း ရယ်လိုက်သည်...

Sakura story💞🌸Where stories live. Discover now