Sector_26

330 12 0
                                    

အချို့ကံကြမ္မာ​တွေက လူ​တွေထက်​ဥာဏ်​များတယ်
နာဂစ်​မုန်​တိုင်းထက်​ ရက်​စက်​ကြမ်းကြုတ်​တယ်
ပရိယာယ်​​တွေထက်​ လှည့်​ကွက်​များတယ်
______________

နေမဟာမာန်​ စာ​မေးပွဲ​​နောက်ဆုံးေ​န့ဖြစ်၏​။

မနက်​​၅ရီ​လောက်​ စာထလုပ်​​နေ​သော မာန်​​လေး။ ကျက်​စာ​တွေကို ပြန်​​လေ့ကျင့်​လာတာ အခုဆို ၆နာရီပင်​ရှိပြီဖြစ်​သည်​။

မျက်​နှာသစ်​အဝတ်​အစားလဲကာ စာကြည့်​စားပွဲမှာ ပြန်​ထိုင်​လိုက်​သည်​။

'​ဟျောင့်​ရာ ကြိုးစားလိုက်​တာ မရတာလဲမဟုတ်​ပဲနဲ့ ရပြီးသား​တွေကိုပဲ ထပ်​ထပ်​လုပ်​​နေတာ မပျင်းဘူးလားကွာ'

ရပြီးသားစာ​တွေကို မျက်​လုံးနဲ့ အာရုံစိုက်​ကြည့်ကာ စိတ်ထဲကပြန်ေ​​​​​​နွးေ​နတဲ့ မာန်​​လေးက​တော့ လျှန်​ကို ပြန်​​တောင်​မ​ဖြေ​ပေ။

နောက်​ဆုံး လျှန်​ပဲလက်​​လျှော့လိုက်​ကာ အနားကထွက်​သွား​တော့သည်။

⏰8:38⏰

မာန်​​လေး ထမင်းစားဖို့​အောက်​ထပ်​ကိုဆင်းလာခဲ့သည်​။

ပြင်​ဆင်​​ပေးထား​သော ထမင်းဝိုင်းဟာ သူ့အဖိုးပြင်​ဆင်​​ပေးထားမှန်းသိသာ​လေသည်​။

အရင်​ကလဲ စာ​မေးပွဲရက်​ဆို ဒီလိုပြင်​ဆင်​​ပေး​နေကြ။ မ​တွေ့ရတာ ၅နှစ်​​တောင်​ကြာသွားခဲ့ပြီးပြီ။

သို့​ပေမဲ့ သူမစား​တော့ပဲ ​ကျောင်းရှိရာကိုသာ ဦးတည်​ခဲ့သည်​။

----------:

မြူနှင်းစီး စာရွက်​စာတမ်းအချို့နဲ့ ဦးအာဏာစက်​ရုံးခန်းကို ​ရောက်​​ရှိ​နေသည်​။

ရုံးခွဲဖွင့်​ဖို့ကိစ္စက ပုံမှန်​ဆို ကြာတယ်​ဆို​ပေမဲ့ ရုံးခွဲဖွင့်​ဖို့​နေရာအပြင်​ အ​ဆောက်​အဦးပါ အ​ဆင်​သင့်​ရပြီမို့ ရင်​အနည်းငယ်​အတွင်း အဆင်​​ပြေနေသည်​။

စာရွက်​စာတမ်းကိစ္စနဲ့ ​ကျန်​တာ​တွေလုပ်​ပြီးရင်​ သူတို့ မကြာခင်​ ဖွင့်​နိုင်​​တော့မည်​။

Deception of Destiny(ကံကြမ္မာ၏ပရိယာယ် )|OC|Where stories live. Discover now