Chapter (16)

2.2K 180 19
                                    

[Unicode]




"ငါ မင်းကို ..."

ဟန်ဝေက ပြောလက်စစကားကိုရပ်ကာ သုတကို တစ်ချက်ကြည့်လိုက်သည်။

"တစ်ခု အရင်မေးစရာ ရှိတယ်..."

မမျှော်လင့်ထားသောစကား အရင်ထွက်လာတာမို့ သုတမျက်မှောင်ကျုံ့မိသွားသည်။Alcohol အရှိန်ဖြင့် ရီဝေဝေဖြစ်နေပုံရသည့် ဟန်ဝေသည်တစ်ခုခုကိုစိတ်ရှုတ်ထွေးနေဟန်ဖြင့် နှုတ်ခမ်းကိုတစ်ချက်ဖိကိုက်လိုက်သည်ကို သူမြင်လိုက်ရပေသည်။

"မင်း ဘယ်သူလဲ..."

ဟန်ဝေနှုတ်ဖျားမှ ထွက်လာတော့ ခပ်ကြောင်ကြောင်မေးခွန်းကြောင့် သုတပါကြောင်သွားရသည်။ဟန်ဝေက လူမှန်းသူမှန်းမသိအောင် မူးနေတာလည်းမဟုတ်ပါပဲ ဘာလို့ဒီမေးခွန်းကိုဂမေးရတာပါလိမ့်.."

"ငါကိုလား...ငါ သုတလေ ...မင်းတော်တော်မူးနေသလား ဟန်ဝေ"

သုတက ဟန်ဝေ၏ပခုံးနှစ်ဖက်ကို ဆွဲခါရင်းပြောလေတော့ ဟန်ဝေက ခေါင်းကို ခပ်ကြမ်းကြမ်းပင် ခါယမ်းပြသည်။

"မဟုတ်ဖူး...သုတ ငါက မင်းကိုမေးတာမဟုတ်ဖူး...ဒီကောင့်ကို မေတာ...မင်းအနောက်မှာ ရှိနေတဲ့ ဒီကောင့်ကို မေးနေတာ မင်းအနောက်မှ အမဲ့ရှိနေတဲ့ အဲ့ကောင်ကိုမေးနေတာ"

ဟန်ဝေက သုတအနောက်သို့ လက်ညှိုးငေါက်ငေါက်ထိုးက ပြောနေတော့ သူလှည့်ကြည့်လိုက်မိသည်။ဘယ်သူမှရှိမနေ...။ဒီနေရာတစ်ခုလုံးတွင် သူနှင့်ဟန်ဝေကလွဲပြီး သက်ရှိဟူသည်မှာ တံခါးဝနားကသစ်ပင်တစ်ပင်သာ ရှိပေသည်။

"ဟန်ဝေ မင်းဘာတွေပြောနေတာလဲ ...မူးနေလည်း အထဲပြန်ဝင်တော့ကွာ..."

ခံစားချက်တို့က အမြင့်ဆုံးထိထိုးတက်သွားခဲ့ပြီးမှ အရှိန်တစ်ခုနှင့်ဆွဲချခံလိုက်ရသောကြောင့်စိတ်ပျက်လက်ပျက်နှင့်ပင် ဟန်ဝေကို အထဲပြန်ဝင်ဖို့ ပြောမိသည်။သို့သော်လည်း ဟန်ဝေက သူ့စကားကို ဂရုပင်မစိုက်...။သူ့အနောက်ကို လက်ညိုးထိုးပြီးတော့ အော်ချင်ရာသာအော်နေသည်။

The last sunshine we touched [Completed]Wo Geschichten leben. Entdecke jetzt