ချန် နှင့် ခရီးဝေး

1K 60 13
                                    

ချန် နှင့် ခရီးဝေး

   

                ကျနော် ဆယ့်နှစ်နှစ်အရွယ်မှာ ကိုကိုနဲ့
ဆုံတွေ့ခွင့်ရခဲ့တယ် မှတ်မှတ်ရရ အဲ့ဒီ့နေ့က ဖေဖေဆူတာ
ခံရလို့ စိတ်မကြည်လင်ဖြစ်နေတဲ့ကျနော့်ကို ချိုချဉ်တလုံး
ကျွေးဖူးတယ်နော်  ဒါကိုဘေးကလူကြီးတွေ  ကိုကို့ကို ဝိုင်းရယ်နေတော့  အရမ်းစိတ်တိုပြီး  အချိုစားမရတဲ့ကျနော် တမင်ရွဲ့ပြီး ကိုက်ဝါးမြိုချပြလိုက်တယ်  သူတို့အကုန်လုံးက
ဖေဖေမျက်နှာသာပေးတာ မခံရတဲ့ကျနော့်ကို  ခပ်ထေ့ထေ့
စောင်းမြောင်းနေခဲ့ကြတာလေ ဘယ်တုန်းကမှလည်း
ကလေးငယ်တယောက်လို  အလျော့ပေးဆက်ဆံခဲ့တာမှ
မဟုတ်တာ  အသစ်ရောက်လာတဲ့  ကိုကိုကတော့
ကျနော့်ကိုအနိုင်မကျင့်လောက်ပါဘူးနော်

.

.

                   ကျနော်ထင်ထားတာနဲ့တခြားစီ ကိုကိုက
အနိုင်မကျင့်ခဲ့တဲ့အပြင်  အရမ်းပင်ပင်ပန်းပန်း လေ့ကျင့်
ရတာတောင် တချက်ညှိုးမသွားပဲ  ကျနော့်ကိုအဖော်လုပ်
ပေးခဲ့တယ်  အဆက်စပ်မရှိ  အဓိပ္ပါယ်မဲ့ ရောက်တတ်ရာရာ
စကားတွေကို မပျင်းမရိထိုင်နားထောင်ပေးတယ် ကျနော်
တခါမှမခံစားဖူးတဲ့ ပျော်ရွှင်မှုဆိုတာရုပ်လုံးပေါ်လာအောင်
ဖန်တီးပေးတယ်  ကျနော် ဆိုးတိုင်း အပြစ်လုပ်မိတိုင်း ခပ်တင်းတင်းဆုံးမပြီးရင် ခိုနားခွင့်ရတဲ့ ကိုကို့ရင်ခွင်က
ကမ္ဘာပေါ်မှာအလုံခြုံဆုံးနဲ့ အနွေးထွေးဆုံးသောပါ

.

.
     
                ငယ်ငယ်ကကျနော့်အနားမှာအမြဲရှိနေ
ပေးတဲ့ကိုကိုက လေ့ကျင့်မှုတွေပြည့်စုံသွားတော့ ဖေဖေ
ခိုင်းတဲ့ မကောင်းတာတွေလုပ်နေရပြီလေ သေနတ်သံ
တွေအရမ်းမုန်းတဲ့ ကျနော်က ကိုကိုနဲ့အတူ ဒုစရိုက်လောက
ထဲအရောက်လှမ်းဖို့ သေနတ်ပစ်အသေအကျေ သင်ယူ
ခဲ့တယ် ဒါပေမဲ့ ဖေဖေသိတော့ ထုံးစံအတိုင်း အခန်းထဲ
ထည့်ပိတ်ထားပြန်တယ်  ဟက်....ကိုကိုစိတ်မပူပါနဲ့
ကိုကိုသင်ပေးထားတဲ့ အတိုက်ခိုက်ပညာတွေ ပြန်လေ့
ကျင့်လို့ရပါသေးတယ်

FEARLESSWhere stories live. Discover now