1⃣7⃣

4.1K 452 24
                                    

"ပြီးပြီ သွားကြမယ်​!!"

အင်္ကျီလဲပြီး ​လှေကား​ပေါ်က​နေ​ပြေးဆင်း
လာတဲ့ဆယ်​ဟွန်း

ဧည့်​ခန်းကခရစ်​လည်းမြင်​​ရော ​ခြေလှမ်း​တွေ
ရပ်​တန့်​ကုန်​သည်​..

"ဟွန်း~"

"ခ ခရစ်​ ဘယ်​လိုလုပ်​?"

"ဒီ​နေ့​ကျောင်းပိတ်​​တော့ မ​တွေ့ရဘူး​လေ
အာ့​ကြောင့်​လိုက်​လာတာ.."

ခရစ်​စကားကအ​နှောင်​သွားမလွတ်

ဆယ်​ဟွန်း ပတ်​ချန်း​ယောလ်​ကိုအသာခိုး
ကြည့်​မိ​တော့ ဆိုဖာ​ပေါ်မျက်​နှာမ​ကောင်း
စွာထိုင်​​နေတယ်​....

"ဟွန်း~ ဘာ​တွေစဉ်းစား​နေတာလဲ?"

"အာ~ ဘာ ဘာမှမဟုတ်​ပါဘူး"

"ဟွန်းကဘယ်​သွားမို့လို့လဲ??"

အပြင်​သွားမယ်​လို့​ပြောရင်​ လိုက်​ပို့
မယ်​​ပြော​နေမည်​ဆိုးတာ​ကြောင့်​..

"ဘယ်​ ဘယ်​မှမသွားပါဘူး"

"အာ့ဆို ကိုယ်​ ဟွန်းကို​နေ့လယ်​စာ
ချက်​​ကျွေးချင်​တယ်​"

အမ်​!! မပြန်​ဘူးလား??

ဆယ်​ဟွန်းနှုတ်​ခမ်းကို အသာကိုက်​ပြီး..
ခေါင်းငြိမ့်​ပြလိုက်​သည်​..

ငြင်းလို့မှမရတာ...

"ဟုတ်​ပြီ!! လာ ​ဈေးသွားကြမယ်​"

ခရစ်​ဆွဲ​ခေါ်သွားလို့ ပါသွားတဲ့အချစ်​ကို
ကြည့်ရင်း ချန်း​​ယောလ်​မျက်​ရည်​​တွေပင်​ဝဲတက်​လာသည်​....

အပြင်​​လျှောက်​လည်​မယ်​လို့​ပြောထားပြီးသားကို

သူတို့နှစ်​​ယောက်​​ပြော​နေတဲ့အချိန်​ ချန်း​ယောလ်
ဝင်​​ပြောချင်​​ပေမဲ့ အချစ်​စိတ်​ခုသွားမှာဆိုးလို့
ဝင်​မ​ပြောပဲငြိမ်​​နေမိတာ......

ဟိုကဘယ်​သွားမလို့လဲ​မေး​တော့
*ဟုတ်​တယ်​ ​လူကြီးနဲ့အပြင်​သွားမလို့* လို့​ဖြေ
ဖို့တိတ်​တဆိတ်​​မျှော်​လင့်​ခဲ့တာ..

ဒါမဲ့ သူငြင်းလိုက်​​တော့..

စိတ်​မ​ကောင်းဖြစ်​သွားတာ​တော့အမှန်​ပဲ..

~~ lOsEr ~~ [Completed]Where stories live. Discover now