🌝🌝🌝🌝

10.7K 847 67
                                    

Zawgyi''


လူရှင်းတုန်းမှာ
နင့်နှုတ်ခမ်းလေးနဲ့ ငါ့ကို
Kiss me quick.....kiss me quick

°°°°°°°°°°°°











ပြောချင်တဲ့ စကားတွေရှိပေမယ့် နားထောင်ပေးမယ့်လူ
မရှိတဲ့အခါ ကျွန်တော်တို့ ဘာလုပ်ကြရမလဲ ၊၊
ပေါက်ကွဲပစ်လိုက်ရမလား?
ငိုကြွေးပစ်လိုက်ရမလား ?
တချို့အရာတွေက ဖွင့်မပြောသင့်ရင် မြိုသိပ်ထားရတယ်၊၊




'' မေကြီးတို့ ပြန်လာပြီ ရာရာ့အတွက် ဘာပါလဲ ''

ခရီးက ခုမှပြန်ရောက်တယ် ၊၊ ချွဲစိန်လုပ်နေတဲ့ သားတော်မောင်ကြောင့် ပြုံးမိကာ

'' ကိုယ်တော်လေးရယ် ကျွန်မ အေးအေးဆေးဆေး
ထိုင်ပါရပါစေဦး ''

'' ဟွန့် မေကြီးကလည်း ရာရာက
မေကြီးကို လွမ်းနေတာကို ''

'' ကျုပ်ကို လွမ်းချိန်ရှိသေးတယ်ပေါ့လေ
ဟုတ်လား ရာရာ ''

မေကြီးရဲ့ အဓိပ္ပာယ်ပါသော စကားတချို့ကို မသိရိုးကျွံပြုကာ
မေကြီးရင်ခွင်ထဲဝင်ရင်း မေကြီးခါးကို ခပ်တင်းတင်း
ဖက်ထားလိုက်သည် ၊၊
အခုချိန် ရာရာ့အတွက် ဖက်ထားဖို့ ရင်ခွင်တစ်ခုလိုနေတာဗျ၊၊

'' ဖေကြီးရော မတွေ့ဘူး မေကြီး''

'' ရာရာ့ဖေကြီးက အလုပ်မှာ meeting ရှိလို့
တစ်ခါတည်း သွားတော်မူလေရဲ့ ၊၊
ရာရာ တစ်ခုခုဖြစ်နေတာလား
ဒါနဲ့ သားနိုင်ရော ... ''

'' မေကြီးတို့ ပြန်လာပြီပဲ သူ့မလိုတော့ဘူး
မောင်းထုတ်လိုက်ပြီ ၊၊ ''

ရာရာ့စကားကြောင့် မေကြီးက ခါးမှာဖက်တွယ်ထားတဲ့
လက်တွေကို အသာအယာ ဖြုတ်ချပြီး မျက်နှာချင်းဆိုင်စေကာ

'' သားတို့ ဘာဖြစ်ထားကြတာလဲ ''

'' အူးဝါး ...... ''

မေးလိုက်ကာမှပဲ ရှိုက်ကြီးတငင်အော်ငိုနေတဲ့ ရာရာကြောင့်
မေကြီးတစ်ယောက် ပြာပြာသလဲလဲ ဖြစ်သွားကာ

|| သူ ချေ ကိုယ် ချေ ||သူချေ ကိုယ်ချေ (Completed)Where stories live. Discover now