အပိုင်း(၂၂)

2.1K 175 0
                                    

Episode 22

ခွဲစိတ်ခန်းရှေ့မှာ တုန်ရီနေသော Maru ကိုPensri တွေ့ရ
တော့ အလွန်စိတ်မကောင်းဖြစ်သွားမိသည်။Pensri
လည်းကြားကြားချင်း May ရော Leo ရောနဲ့ ဆေးရုံ
ကို တန်းလိုက်လာခဲ့လိုက်သည်။

Maru က လက်ကလေးနှစ်ခု ဒူးပေါ်တင်ထားပြီး ပါးစပ်
ကနေ ဘုရားစာကို ရွတ်နေဟန်ရှိသည်မို့ Pensri က ငြိမ်
သက်စွာသာ ဘေးနားဝင်ထိုင်လိုက်သည်။~~~~

"Mae~~~Leo~~~"

Pensri နဲ့ Leo ကိုမြင်တော့ Maru မျက်လုံးများက
တောင်းပန်တိုးလျှိုးဟန်ပြသည်။နောင်တတွေ တပွေ့
တပိုက်နဲ့ ဝမ်းနည်းနေသော သမီးဖြစ်သူကို Pensri
အနေနဲ့ အပြစ်ဆိုဖို့ကလဲခက်သည်မို့~~~။ Leo ကလဲ
ထိုနည်းလည်းကောင်းသာ တွေးမိသည်မို့ မိန်းမဖြစ်သူ
ကို တယုတယဖက်လိုက်သည်။

"Leo~~ကျွန်မကို ခွင့်မလွှတ်ပါနဲ့~~ကျွန်မက မကောင်း
တဲ့အမေပါ~~~ကျွန်မက ကိုယ့်သားကို ပြန်သတ်တဲ့
အမေမဟုတ်တဲ့မိန်းမပါ~~~~"

ငိုကြွေးကာ ပြောနေရှာသော Maru ရဲ့ကျောကို ဖြေးဖြေး
လေးပုတ်ကာ~~~

"တော်ပါတော့ Maru~~~မင်းဘာကြောင့် ဒီအမှားကို
လုပ်မိလဲဆိုတာ ကိုယ်နားလည်နိုင်ပါတယ်~~မင်းသား
အပေါ်ထားတဲ့ မေတ္တာက သိပ်ကြီးမားတော့ တို့သားလေး
လွယ်လွယ်နဲ့မသေနိုင်ပါဘူးကွာ~~~"

"Mae~~~သမီးကို ရိုက်လိုက်ပါ~~မဟုတ်ဘူး သတ်လိုက်ပါ~~သားလေးကို ဒီလိုလုပ်ပြီး သမီးအသက်
ရှင်ဖို့ မတန်တော့ပါဘူး~~"

Leo ရင်ခွင်ထဲက ထွက်ကာ Mae ဘေးမှာ ပြန်ထိုင်ပြီး
Mae ရဲ့လက်များကို သူ့ပါးဆီ အပ်ပေးလိုက်သည်။

"Maru~~စိတ်အေးအေးထားပြီး~~Mae တို့ ဒီအခြေအနေကို အကောင်းဆုံး ရင်ဆိုင်ကြမယ်လေကွယ်"

"Mae~~"

Maru က Pensri လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။

"သမီးကို Mae ပြောခဲ့ပါတယ်~~ကံတရားကို သူတို့
ဆီပဲ ပေးထားလိုက်ပါ~~သူတို့ အကောင်းအဆိုးပုံဖော်
ပါလိမ့်မယ်ကွယ်~~~Mae တို့က သိနေရင်တောင် ဝင်
ကလို့ မရနိုင်တဲ့ ပွဲကြည့်ပရိသတ်တွေပါလို့ ~~~"

"သမီး မှားသွားပါတယ် Mae~~~ ဟိုကောင်လေး
သေသွားရင် သားလေးကံကြမ္မာဆိုး ပျောက်ပျက်သွားမယ်
ထင်မိလို့ပါ~~~"

🍒ချယ်ရီရောင် အချစ်များ(Love Like Cherry) CompleteWhere stories live. Discover now