The Way You Are (1)

1.8K 67 41
                                    

Warning ⚠️ MeanSaint fic ပါ PerthSaint HC, MeanPlan HC တွေ MeanSaint လက်မခံနိုင်တဲ့သူတွေ မဖတ်ဖို့ အကြံပြုပါတယ်⚠️

============================

Mean , Perth နှင့် Gun ဆိုလျှင် SW University တစ်ခုလုံး မသိသူမရှိသလောက်ရယ်ပါ ... သူတို့အားလုံးဟာ တော်တော်လေး ချမ်းသာကြွယ်ဝသော မိသားစုများမှ ဆင်းသက်လာသော ကျောင်းသားလေးများ ... ရုပ်ရည်ချောမောသော သူတို့၃ယောက်ဟာ တတွဲတွဲနှင့် ...

အထက်တန်းကတည်းက ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူတို့၃ယောက် ... တက္ကသိုလ်ရောက်တော့လည်း Mean က international college တွင်တက်ရောက်၍ Perth နှင့် Gun က engineering ဘာသာအထူးပြုယူကြသည်
မေဂျာဘာသာရပ်မတူသော်လည်း စာသင်ချိန်မှ လွဲ၍သွားအတူ စားအတူ သူငယ်ချင်းတွေ ...

သူတို့ထဲမှ ရေပန်းအစားဆုံးက Mean ... ဖြူဖွေးသော အသားအရေ ၆ ပေနီးပါးရှည်သောအရပ်နှင့် လိုက်ဖက်စွာ အားကစားလုပ်သော သူ့ ခန္ဓာကိုယ်က ကြွက်သားတွေနှင့် အဆီပိုတွေမရှိကြည့်ကောင်းလွန်းသည် ... ဒါတင်လားမဟုတ်သေး ... ချောမွတ်သော မျက်နှာကလည်း မိန်းကလေးတွေ အသဲစွဲချင်စရာ ..

သူ့ရဲ့ထူးခြားဆုံးအချက်က သူသည်သာမာန်ကလေးမဟုတ် ... သားသမီးရရန်ခက်ခဲသည့် မိဘ၂ပါးမှ ဆေးပညာနှင့် ဖန်ပြွန်သဒ္ဓေဖန်တီး၍ မွေးဖွားလာသောသူ ... ထို့အတွက်ကြောင့် မိဘနှစ်ပါးလုံးက သဲသဲလှုပ်ချစ်ကြသလို ကောင်မလေးတွေကလည်း သဲသဲလှုပ်နေသည်မှာ အဆန်းတော့မဟုတ်

အလိုလိုက်ခံရသော သူကိုယ်တိုင်ကလည်း ဆိုးသွမ်းမနေ ... သူသည် စာတော်သောကျောင်းသား အဘက်ဘက်ကပြည့်စုံသောသူ ... လူမှူပေါင်းသင်းဆက်ဆံရေးကလည်း ကောင်းမွန်လှသည် .. မိန်းကလေးများကြားရေပန်းစားသော်လည်း သူသည် မိန်းမရှုပ်သူမဟုတ် ...

အမှန်ပြောရလျှင် ငယ်စဉ်ကတည်းက စာအုပ်စာပေစည်းပူးလေ့လာသောသူသည် အရာရာကို ချည့်ချိန်တက်ပြီး ကျောင်းပိတ်ရက်များတွင် မိဘလုပ်ငန်းကို ဝင်ရောက်ကူညီသည့်အတွက် စီးပွားရေးအကြောင်း နားလည်သလို လူကဲခတ်လည်း တော်လှပေသည်

မိန်းကလေးများ ဝန်းရံနေသောသူ .. သူ့နှလုံးသားကို လှုပ်ကိုင်နိုင်သောသူကိုသာလျှင် ချစ်ခွင့်ပန်၍ တစ်ဘဝစာတန်ဖိုးထားမည်ဟု ဆုံးဖြတ်ချက်ချထားသော သူ့လိုလူကို လူတိုင်းလိုလို သဘောကျသည်က အဆန်းမဟုတ်ပါလား ... သူကိုယ်တိုင်က လာချည်းကပ်သော မိန်းကလေးအချို့ကို စိတ်ဝင်စားမိသော်လည်း သူ့နှလုံးသားကို လှုပ်ခတ်နိုင်ခြင်းမရှိသည့်အတွက် အစမ်းdateသည့်အဆင့်ထက်မကျော်ခဲ့ ... ယခုထိရည်းစားလည်း မထားဖူးသေးပါ

The Way You AreWhere stories live. Discover now