Extra

663 44 1
                                    

"ဖေဖေ Park ရေ"

"ဝေ သမီးလေး"

"ဒီမှာ မီး ခုံတွေဖုန်သုတ်ပြီးပြီနော် ကာတွန်းကြည့်တော့မယ်"

"ကြည့်ပါဗျာ ကြည့်ပါ"

"ဖေဖေMin နဲ့ကိုကိုနဲ့ကလဲဈေးသွားတာကြာလိုက်ကြတာ ဈေးထဲမှာသူတို့နှစ်ယောက်မုန့်ဝယ်စားနေကြလားမသိဘူး မီးတို့အတွက်မဝယ်လာပဲနဲ့"

"အင်းဟုတ်မှာနော် ဖေဖေတို့ကိုမကျွေးပဲသူတို့ပဲစားနေကြတာဖြစ်မယ် နောက်နေ့ကျရင်ဖေဖေတို့နှစ်ယောက်ပဲသွားမယ် ဈေးထဲမှာမုန့်တွေဝယ်စားကြမယ် သူတို့ကိုတော့မကျွေးပဲထားမယ် မကောင်းဘူးလား"

"ကောင်းတယ် ကောင်းတယ်"

"အဲ့ဒါဆိုသမီးကာတွန်းကြည့်နေဖေဖေစာအုပ်စင်ရှင်းလိုက်ဦးမယ်"

"ဟုတ်ဖေဖေPark"

Jiminစာအုပ်စင်ရှင်းရင်းကာတွန်းကြည့်နေတဲ့သမီးလေးကိုကြည့်နေမိတယ် သမီးလေးကအရမ်းချစ်ဖို့ကောင်းပြီးစကားတတ်တယ် ကျွန်တော့အသည်းကျော်လေးပေါ့ သားလေးကတော့ အေးအေးလေးနေတတ်ပြီးလိမ္မာတယ် ကိုကိုရဲ့အချစ်တော်လေးသားက သားနဲ့သမီးကအမြွှာလေးတွေလေ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်နဲ့ကိုကိုနဲ့ပြန်တွေ့တဲ့နေ့ကမိဘမဲ့ဂေဟာကိုရောက်လာကြတာ တနှစ်သားလေးတွေပဲရှိသေးတယ် သားရောသမီးရောမွေးစားချင်တယ်ဆိုတဲ့ကျွန်တော့်ကို ကိုကိုကမွေးစားချင်လားတဲ့ မွေးစားချင်တယ်လို့ပြောလိုက်တော့ တခါတည်းခေါ်လာတယ်လေ ကလေးနှစ်ယောက်ကအပြစ်ကင်းစင်လွန်းတယ် စတွေ့ထဲကကျွန်တော်အရမ်းချစ်ခဲ့တာ အစတုန်းကတော့ကျွန်တော်တို့နှစ်ယောက်အရမ်းဗျာများခဲ့ကြတာ ကလေးနှစ်ယောက်နဲ့အိပ်ရေးတွေလဲပျက် အတွေ့အကြုံမရှိတော့ဘာလုပ်ရမှန်းမသိကလေးတွေနေမကောင်းဖြစ်ရင်လဲပြာနေတာ အေးအေးဆေးဆေး နေတတ်တဲ့ကိုကိုတောင်ကလေးတွေကိုအရမ်းဂရုစိုက်ပြီးသဲသဲလှုပ်ကိုချစ်တာ ကလေးတွေငယ်သေးတော့ကျွန်တော်တို့လဲကလေးတွေကိုအချိန်ပေးနေရတာနဲ့လက်ထပ်ဖို့ကိုမစဉ်းစားနိုင်ဘူး နောက်မှကလေးတွေ၎နှစ်ပြည့်တော့မှပဲမင်္ဂလာပွဲကိုလုပ်ဖြစ်တော့တယ် သားနဲ့သမီးကပန်းကြဲပေးပြီး Jung Kookတို့သမီးလေးက လက်စွပ်ခြင်းလေးကိုင်ပေးတယ်လေ သိပ်ပျော်စရာကောင်းခဲ့တာပေါ့ ကျွန်တော့ဘဝမှာဘယ်တော့မှမမေ့နိုင်တဲ့အမှတ်တရလေးတွေပေါ့ ဟန်းနီးမွန်းကိုလဲကလေးတွေနဲ့အတူတူကမ်းခြေကိုသွားခဲ့ကြတယ် ကျွန်တော်တို့ဘဝလေးကအရမ်းကိုပျော်စရာကောင်းနေပြီလေ သားနဲ့သမီးပါရှိနေတော့ ပိုပြီးပြည့်စုံသွားတာပေါ့ ကိုကိုအမေကလဲအစကတော့တင်းမာနေပေမယ့် အခုတော့ကျွန်တော်ရောသူ့မြေးနှစ်ယောက်ကိုပါချစ်နေပြီလေ


အဆုံးမဲ့ချစ်ခြင်းWhere stories live. Discover now