Part-6

1.6K 198 6
                                    

Jimin- အင်း Taehyun ဘာဖြစ်​လို့လဲ

Tae- မင်းဘာလို့ပြန်​မလာ​သေးတာလဲ ​နောက်​ကျ​နေပီ​နော်

Jimin- သူ​ဌေးနဲ့ပွဲတစ်​ခု​ရောက်​​နေလို့ ငါအပြန်​​နောက်​ကျမယ်​ ငါ့ကို​စောင့်​မ​နေနဲ့​တော့​နော်​ အရင်​အိပ်​နှင့်​လိုက်​​တော့ ငါ့ဘာသာပဲဝင်​ခဲ့​တော့မယ်

Tae- အင်းပါ တအား​နောက်​မကျနဲ့​နော်

Jimin- ​အေးပါ ဒါပဲ​နော်

Jimin ဖုန်း​ပြောပြီး စားပွဲဆီသို့အပြန်​ Yoongi တို့က
နေရာမှာမရှိ​တော့​ချေ Jimin လည်းစားပွဲဝင်​ထိုင်​ပီး ပွဲအတွင်းဝင့်​ကြည့်​လိုက်​​တော့ Yoongi နဲ့ ခုနက မိန်းက​လေးတို့
တွဲက​နေကြသည်

Jimin လည်းအမြန်​အကြည့်​လွဲကာ ကျလာ​တော့မည့်
မျက်​ရည်​စများကို မျက်​​တောင်​အချို့ဖြင့်​သိမ်းဆည်းကာ

အ​သေးအဖွဲ့ကအစ Yoongi နဲ့ပက်​သက်​ရင်​ မျက်​ရည်​လွယ်​လွန်း​နေတာလား

ရှေ့မှာရှိ​နေတဲ့အစားအ​သောက်​ဆီကိုသာ အကြည့်​ပို့ပီး
ခက်​ရင်းဖြင့်​​ဆော့​နေလိုက်​သည်

သူတို့က​နေတာကို Jimin မြင်​သွားတာ Yoongi သိသည်​ အခုချက်​ချင်း Jimin လက်​ကိုကိုင်​ကာ ပွဲအတွင်းကထွက်​သွားချင်​​ပေမဲ့ မစွမ်းသာ

ဟို့​နေက ​ဒေါသကိုမထိန်းနိုင်​၍ Jihye ကိုရိုက်​လိုက်​မိသည်​ကို အခွင့်​​ကောင်းယူကာ Dad ဖြင့်​ခြိမ်း​ခြောက်​​နေသည်

Yoongi ၏ အ​ဖေ နဲ့ Jihye အ​ဖေ က စီးပွားဖက်​လို့​ပြောလို့ရသလို ငယ်​သူငယ်​ချင်း​တွေလည်းဖြစ်​သည်

ထိုအခြင်းအရာကိုခုတုံးလုပ်​၍ Jihye သူ့အနားကိုတဖြည်းဖြည်းတိုးကပ်​လာခြင်းဖြစ်​သည်

Jihye ၏ အ​ဖေက​တော့ သူတို့နှစ်​​ယောက်​ သ​ဘောတူချင်​​နေပုံရသည်

Yoongi ကအဆင့်​မတတ်​သဖြင့်​ ဘာမှမလုပ်​နိုင်​​သေး​ချေ

သီချင်းတစ်​ပုဒ်​ဆုံး​တော့

Yoongi Jihye လက်​ကိုဖြုတ်​ချကာ

Yoongi- ငါသွား​တော့မယ်

How About Me ( Complete) Where stories live. Discover now