{Zawgyi}
ရုတ်စု ရုတ်စုနဲ့ ကျွန်တော်သွားရာတစ်လျှောက်...
စိတ်ဝင်တစားလိုက်ကြည့်နေကြ၍
လမ်းလျှောက်ရသည်တောင် ကျောမလုံတော့...
အရင်ကဆို ကျွန်တော်လာသည်နှင့်တစ်ပြိုင်နက်
မကြည်ဖြူ စွာ ရှောင်ဖယ်သွားကြသည်က
များသည်လေ...
ကျွန်တော့်တစ်ကိုယ်စာ လျှောက်လမ်းလေးပေးပြီး
လှောင်ပြောင်ရန်အသင့်ဖြစ်နေသော
မျက်နှာထားတို့က
လက်ထဲမှာလဲ ဖုန်းကိုယ်စီအသင့်...သူတို့ဘာလို့ ဒီလိုဖြစ်နေကြတာလဲ..?..
ကျွန်တော် locker ရှေ့သို့ရောက်တော့
တီးတိုးစကားသံတို့က ထွက်လာလေရဲ့...
Lockerတံခါးကိုဆွဲအဖွင့်မှာ...
ကျွန်တော်ဖွင့်မရအောင်လို့ ဝုန်းခနဲ
လက်ဖနောင့်နဲ့တွန်းပိတ်လိုက်၍
ထိုလက်ပိုင်ရှင်အား မော့ကြည့်လိုက်မိသည်...••...ဟင် !...Hyung...••
••...မဖွင့်နဲ့...••
••...ဘာလို့လဲ...••
ကျွန်တော့်နောက်တည့်တည့်ကနေ မတ်တပ်ရပ်ပြီး
Locker ကိုလက်နဲ့ထောက်ထား၍
ကျွန်တော့်ထက်ရှည်နေသောအရပ်ကြောင့်
ကျွန်တော့်နောက်ကျောတစ်ခုလုံးက
Hyung ရဲ့ရင်ခွင်ထဲနစ်မြုပ်နေသလိုမို့...
နောက်ပြန်လှည့်ကြည့်နေရာမှ
ဆက်ကနဲမျက်နှာကို
ရှေ့သို့ပြန်လှည့်ကြည့်လိုက်ရသည်...
ထူးဆန်းစွာပင်...ဝိုင်းကြည့်နေကြသောလူတွေကို
မေ့လျော့ကာ ကျွန်တော့်ရဲ့ဘယ်ဘက်ရင်အုံက
အကောင်ငယ်လေးကဒိတ်ခနဲ...အခု...ကျွန်တော်ရင်ခုန်နေတာလား?...
Hyung ရဲ့ရင်ခွင်ထဲမှာ ပထမဆုံးအကြိမ်
ရင်ခုန်ခြင်းကိုခံစားနေရတာလား?...
နေရခက်စွာဖြင့် Hyung ကိုလှည့်မကြည့်ရဲပဲ••...Hy..Hyung...••
ကျွန်တော် နေရခတ်သည်ကို
သဘောပေါက်သွားပုံရပြီး
လက်ကိုရုတ်ကာ လူချင်းခွာလိုက်ပြီးနောက်..
အူကြောင်ကြောင်ဖြင့်တိတ်ဆိတ်စွာ
ဝိုင်းအုံနေကြသော
လူအုပ်ကြီးအား..စူးစိုက်ကြည့်ရင်း...••...ဒီ Locker ထဲမှာရှိတဲ့
အရာတွေကို လိုချင်နေတာလား...••
YOU ARE READING
떠나지마(Don't Go)
FanfictionSky Of Silver Star ... အထီးကျန်မှုတွေဟာ အရာရာတိုင်းတော့မဟုတ်ဘူး... ဒါပေမဲ့ လူတိုင်းအတွက် အထီးကျန်မှုဆိုတာ တစ်မျိူးစီတော့ ရင်ဝယ်ပိုက်ထားကြရတယ်... အားငယ်တတ်တဲ့ အထီးကျန်မှု... မချင့်မရဲဖြစ်နေရတဲ့ အထီးကျန်မှု... မြိုသိပ်ထားရတဲ့ အထီးကျန်မှု... ပေးဆပ်ရုံ...