မနက်ရှစ်နာရီဆိုတဲ့
အချိန်ဖြစ်သော်လည်း ကောင်းကင်မှာ
နေရောင်ပျောက်ကာ တိမ်များက
ဟိုတစ်စ ဒီတစ်စ ။" ပထမဆုံးနှင်းပဲ .. "
ကျဆင်းနေသည့်နှင်းစက်တွေကို
ကြည့်ရင်း ကျွန်တော်
ကိုယ့်ကိုကိုယ်သာရေရွတ်မိလိုက်သည်.. ။" ပထမဆုံးနှင်းကျချိန်
ဆုတောင်းရင်ဆုတောင်းပြည့်တတ်တယ်တဲ့ .. "ထပ်မံရေရွတ်မိလိုက်တဲ့
စကားဟာဦးတည်သူမရှိသလို ..
တန်ပြန်စကားတွေလဲမရှိခဲ့..မွေးကတည်းကမိဘမဲ့ဖြစ်ခဲ့တဲ့
သူ့အတွက်ဘာကိုမှဆုတောင်းစရာ
အထွေအထူးမရှိ ။ ဘူဆန်ကဒေါ်လေးကိုပဲ
နေကောင်းပါစေဆိုပြီးဆုတောင်းပေးရမလား ..ဒါမှမဟုတ်
သူ့လိုတစ်ဆယ့်ရှစ်နှစ်အရွယ်
အထက်တန်းကျောင်းသားတွေမရနိုင်သည့်
ငွေပမာဏကိုပဲဆုတောင်းရမလား .. ?ဘာဆုတောင်းရမလဲ ..
စဉ်းစားနေတုန်းမှာ သူငယ်ချင်းအတွဲတွေကြား
တစ်ယောက်တည်းကွက်ကျန်နေတဲ့
ကိုယ့်ကိုကိုယ်သတိရသွားမိတော့ .." အချစ်စစ်နဲ့တစ်ခါလောက်တွေ့ရရင်ကောင်းမှာပဲ .. "
ပြောပီးမှကိုယ့်ဟာကိုယ်
ရယ်ချင်စိတ်ပေါက်သွားသည် ..။ရုတ်တရက်ကြီးကြားဖူးတဲ့စကားကို
ရေရွတ်ပြီး မဟုတ်တရုတ်တွေကို
ယုံကာ ဆုတောင်းနေခဲ့သည်မဟုတ်ပါလား ..။" ရူးလိုက်တာ Byun BaekHyunရာ ..။ "
ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းပဲ
Bus ကားဂိတ်စီထွက်လာခဲ့လိုက်တော့သည်။___
Bus ကားဂိတ်ရောက်တော့..
အကြာကြီးမစောင့်လိုက်ရ ..
ကျွန်တော်ရောက်ပြီးသိပ်မကြာခင်မှာပဲ
Busကားကရောက်လာသည် ..။Busကားပေါ်တက်သွားတော့
လူရှင်းနေသည်။သုံး၊လေးယောက်
အပြင်မရှိသည်မို့ပြတင်းပေါက်နှင့်နီးတဲ့
ခုံတစ်ခုံမှာဝင်ထိုင်လိုက်သည်။