Part...8 (Zawgyi)

906 98 4
                                    

Sehun ကိုကို လက်ဆောင်ပေးသည့် ဆှဲကွိုး လေးကိုကိုင်ပြီး အိမ်ထဲသို့ ခုန်ပေါက်ပြီး ဝင်လာခဲ့သည်။

ဧည့်ခန်းရှေ့အရောက်

"KIM SEHUN!!!''

အဒေါ် ဖြစ်သူ Xiumin ၏ ခေါ်သံကြောင့် တုန်တက်သွားရလေသည်။

"တီ...တီလေး''

"အခု ဘယ်ကပြန်လာတာလဲ Kim Sehun''

"ကျွန်..ကျွန်တော်...ကျောင်း..''

"ငါ လိမ်တာမကြိုက်ဘူးဆိုတာ မင်းသိတယ်နော် Kim Sehun''

"ဟို...ဟို...''

Sehun ကြောက်လွန်းလို့ မျက်ရည်တွေ ပင် ဝဲနေလေသည်။

"တီ Su တို့ သားကို ဟန်မြစ်ဘက် မှာ တွေ့ခဲ့တယ် ကောင်လေးတစ်ယောက် နဲ့လေ''

"....''

"ငါမင်းကို ကျောင်းထားတာ အခုလို ကျောင်းပြေးပြီး ရည်းစားနဲ့ ချိန်းထား ဖို့မဟုတ်ဘူး Kim Sehun''

"သား...သား...တောင်းပန်ပါတယ် တီလေး...အကို့ကို သားတကယ်ချစ်တာပါ''

"မင်းက အချစ်အကြောင်းဘာသိလို့ အဲ့လိုပြောနေတာလဲ မင်း အကောင်က မင်းကို ပစ်သွားရင်ကော ဟမ်...ငယ်ရွယ်နေတဲ့ အချိန်မှာ ပညာကို ပြီးအောင် မသင်ဘူး ရည်းစားကထားနေပြီ ထါးတဲ့ရည်းစါးကလည်း ဘယ်လို အဆင့်အတန်းမှန်းမသိ....တောက်!!! ငါရိုက်လိုက်ရင် မင်းတော့နာတော့မယ်''

"မမ''

Suho လည်း သိပ်တော့ ဝင်မပြောရဲ

"အကိုက မျိုးရိုးကောင်းပါတယ် တီလေး
အဲ့လို...မပြော''

*သွားပြီ ဘာလို့ပြန်ပြောလိုက်မိပါလိမ့်*

"Kim Sehun အခု မင်းရဲ့ ph ကို ထားပြီး အခန်းထဲကို သွားတော့ ဒီနေ့ကစပြီး တစ်ပတ်တိတိ ကျောင်းမသွားရဘူး..ကြားလား''

".....''

"ကြားလားလို့ ငါမေးနေတယ်လေ''

"ဟုတ်...ဟုတ်...တီလေး''

"Hunnie သွားမြန်မြန် အခန်းထဲကို မြန်မြန် သွားတော့''

Sehun အခန်းထဲ ရောက်မှ ချုံးပွဲချ ငိုမိတော့သည်

"ဘယ်လိုလုပ်ရမလဲ အခု အကိုနဲ့ ဘယ်လိုတွေ့ရတော့မှာလဲ''

Sehun ထမင်းမစားဖြစ်တာ လေးရက်ရှိပြီဖြစ်သည်။ကျောင်းလဲမတက်ရ... ပေတေပြီးသာနေမိသည်။
သူ့တီလေး Suho ကတော့ သူနဲ့ တီ Xiu နဲ့ကြား စိတ်ညစ်နေသည် ထင်သည်။

ချစ်ခဲ့ဖူးပါသည် (Complete) Where stories live. Discover now