Ending Part

770 140 3
                                    

(Zawgyi)

ကျွန်တော်ရဲ့ kyung soo . .

ကျွန်တော်ရဲ့ စီနီယာ . . 

ကျွန်တော်ရဲ့ hyung . .

|| Kyung Soo ||

'မနေ့က ကိစ္စနဲ့ ပက်သက်ပြီး စီနီယာ စိတ်ဆိုးနေမလား... arrrshi!! အရက်က ရန်သူပဲ.. ရန်သူ.. သူကြောင့် စိတ်လွတ်ကုန်တာ... စီနီယာနဲ့ လက်ရှိအနေအထားလေးပါ ပျက်စီးသွားရင် သေပြီကွာ!!'

Jonginတစ်ယောက် ရေရွတ်ရင်း ကိုယ့်ခေါင်းကို ကိုယ်ထုကာ အပြစ်ပေးနေတော့သည်။ ပြီးတော့ ကျောင်းတက်ဖို့အတွေးလည်း မရှိတာကြောင့် စက်ဘီးကိုသာ ဖြည်းဖြည်းချင်း တွန်းပြီး လမ်းလျှောက်နေသည်။

*စီနီယာရော ကျောင်းရောက်နေပြီလား*

ဆိုကာ jongin တွေးနေတုန်းး 'jongin!!!!!' ဆိုပြီး အော်ခေါ်သံကို ကြားလိုက်ရတော့ ခေါင်းငိုက်စိုက် လျှောက်နေရာကနေ မော့ကြည့်လိုက်တော့ ကျောင်းအတူတူ သွားဖို့အတွက် သူကိုစောင့်နေကျနေရာလေးမှာ စီနီယာ ရှိနေတာကို တွေ့လိုက်ရ၏။

'Yarr!! Kim jongin ဘာလို့ အဲလောက်တောင် နောက်ကျနေရတာလဲ!!.. ဖုန်းဆက်တော့လည်း စက်ပိတ်ထားတယ် ဆိုတာချည်းပဲ'

ကြောင်ကြောင်တောင်တောင်နဲ့ ရပ်နေမိတဲ့ ကျွန်တော်အနားကို စီနီယာက ရောက်ချလာကာ ဆူပူတော့တယ်...

'ဘာလို့ စက်ပိတ်ထားတာလဲ!!'

ဆိုပြီး စီနီယာက ထပ်မေးတော့မှ .. ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ကြည့်လိုက်တော့မှ မီးအားမရှိတာကြောင့် power ပိတ်သွားမှန်း သိလိုက်ရတယ်..

'ညက အားမသွင်းမိလိုက်လို့.. power ပိတ်သွားတာ'

'အဆက်အသွယ် လုပ်လို့ မရလို့ ဘယ်လောက် စိတ်ပူသွားလဲဆိုတာ သိလား!!'

'တောင်းပန်ပါတယ်.. စီနီယာ'

'ဘာအတွက်လဲ..'

'စိတ်ပူအောင် လုပ်မိလို့..'

'အဲဒါအတွက်ဆို တောင်းပန်တာကို လက်ခံမယ်.. မနေ့ညက ကိစ္စအတွက်ဆို လက်မခံဘူး ပြောမလို့'

'မနေ့ညက ကျွန်တော်ရဲ့ခံစားချက်အစစ်အမှန်တွေကိုသာ ပြောခဲ့တာမို့ တောင်းပန်ဖို့ ကျွန်တော် တွေးမထားဘူး.. တောင်းပန်စရာ မလိုဘူးလို့လည်း ထင်တယ်'

KYUNG SOO || Three Shots || Where stories live. Discover now