အပိုင်း-၆၅

2K 180 34
                                    

အမုန်းသင့် ဧကရာဇ် (အပိုင်း-၆၅)

@@@@@@@@@@@@@@@

'နာကျင်ရလား မင်းကြီး'

မေးလိုက်တာက ကြားမည်မဟုတ်မှန်း သိသိနှင့် ဖြစ်သော်လည်း ရှောင်နန် ကျေနပ်စွာ မေးလိုက်သည်။ ထိုနေရာမှ လှည့်ထွက်ရန် ပြင်လိုက်စဉ် အနားသို့ ရောက်လာသော လူရိပ်ကြောင့် ရှောင်နန် ခြေလှမ်းတို့ တန့်ခနဲ ဖြစ်သွား၏။ ပြီးမှ ထိုနေရာမှ လှည့်ပြေးလေသည်။ သို့သော် ခြေလှမ်းသုံးလှမ်း မပြည့်မှီမှပင် ထိုလူလက်သို့ ရောက်သွား၏။ ရှောင်နန် ထိုလူအား လှည့်ကြည့်လိုက်တော့ အလွန်ရင်းနှီးနေပြီးသော မျက်နှာအားတွေ့ လိုက်ရတော့၏။

'ကိုယ်ရံတော် ယောင်းလု'

'တော်​သေးတယ် မိဖုရားလေး ကျွန်တော့်ကို မှတ်မိနေလို့'

'ကိစ္စက'

'မင်းကြီး မိန့်မှာလိုက်ပါတယ်၊ မိဖုရားလေးကို မင်းကြီးရဲ့တဲနန်းထဲကို ခေါ်ဆောင်လာဖို့ မိန့်မှာပါတယ်'

'ကျွန်မကို ဟုတ်လား မဖြစ်နိုင်ဘူး ကျွန်မက'

'ခွင့်လွတ်ပေးပါ'

ယောင်းလု ရုတ်ချည်းပင် သူမအား မေ့မျောစေလိုက်ပြီး လဲကျသွားသော ခန္ဓာကိုယ်ပါးပါးလေးကို ကောက်ထမ်းလိုက်သည်။ ဒီမိန်းကလေးဟာ သေးသေးသွယ်သွယ် နူးနူးညံ့ညံ့လေးနဲ့ စိတ်ဓာတ်က သိပ်ပြီး မာကျောလွန်းတယ်၊ ဒီနေ့မှာ သူမ လုပ်လိုက်သော လုပ်ရပ်က လောကကို တုန်လှုပ်စေနိုင်တယ် ဆိုတာ သူမ မသိပဲနဲ့ကို မနေဘူး၊ ကျောင်းမျိုးနွယ် မင်းဆက်ရဲ့ တော်ဝင်မိသားစု အင်အားကို လျော့ချပစ်လိုက်တာက ဘယ်သူကမှ မလုပ်ဝံ့တဲ့ အရေးကိစ္စပဲ၊ ဒီကိစ္စကြောင့်နဲ့ မင်းကြီး ကျောင်းနန်းတော်က သိပ်ပြီး ရှုပ်ထွေးသွားအုံးမည်။

မင်းကြီး၏ တဲနန်းရှိရာသို့ မည်သူမျှ မမြင်အောင် လူတစ်ဦးအား ထမ်းလျက် ခေါ်ဆောင်လာရသည်က မလွယ်ကူလှပေ။ ယောင်းလု သူမအား မင်းကြီးတဲအတွင်း သလွန်ပေါ်ဝယ် ချထားလိုက်ပြီးမှ အပြင်သို့ ထွက်လာသည်။ မင်းကြီးက ယောင်းလုကို မြင်တော့ မည်သည့်စကားမျှ မဆိုနိုင်ပဲနှင့် တွေတွေဝေဝေ ရှိ၏။ မင်းကြီး ဖြစ်ပျက်နေသမျှကို ယောင်းလု နားလည်သည်။

The Hated Emperor (အမုန်းသင့် ဧကရာဇ်)Where stories live. Discover now