I promise

1.6K 52 2
                                    

*I promise*

One shot(part 1)

#rosellathwe

Characters

Kris:Kris

You:Yumi

Kris က High school မှာ အရမ်းနာမည်ကြီးတဲ့ King တစ်ယောက်။

သူ့ ရဲ့  gentleman style နဲ့  ရုပ်ရည်ချောမောမှုကြောင့် မိန်းကလေးတိုင်းက သူ့ ကို စိတ်ဝင်စားကြတယ်။

သူ ကျောင်းမှာ နာမည်ကြီးတဲ့ အကြောင်းအရင်း ရှိတယ်။

သူက ကျောင်းမှာ ဘယ်တုန်းကမှ အဆင့်၁ကနေ မကျဖူးဘူး။

သူ့ ကို ဘယ်သူမှ မယှဉ်နိုင်ခဲ့ဘူးပေါ့။

ပီးတော့ သူက ဘယ်မိန်းကလေးကိုမှ စိတ်မ၀င်စားဘူး။

စိတ်ဝင်စားဖို့ နေနေသာသာ စကားတောင် မပြောဘူး။

ဒါကလဲ သူ့ ရဲ့ cool guy style ကို ပိုပေါ်လွင်စေခဲ့တာပေါ့။

ဒါပေမဲ့ သူ့ ရဲ့  Frozen heart ကို ကိုင်လှုပ်နိုင်တဲ့ ကောင်မလေးတစ်ယောက် သူ့ ဘ၀ထဲကို ၀င်ရောက်လာခဲ့ပါတယ်။

သူမနာမည်က Yumiတဲ့။

Yumi က နယ်ကျောင်းကနေ Kris တို့ high school ကို transfer နဲ့ ပြောင်းလာတာပါ။

သူမက ပွင့်လင်းတယ်။

သူတစ်ပါးကိုလဲ ကူညီတတ်တယ်။

ရုတ်တရက် ကြည့်လိုက်ရင်တော့ မသိသာပေမဲ့

သေချာကြည့်ရင်တော့ ချစ်ဖို့ ကောင်းတဲ့ ကောင်မလေးတစ်ယောက်ပေါ့။

Kris ကပုံမှန် ဆိုရင် ကောင်မလေးတစ်ယောက်အပေါ် လွယ်လွယ်နဲ့ စိတ်မ၀င်စားတတ်ပေမဲ့ ဒီကောင်မလေးကျမှပဲ သူ စိတ်ဝင်စားမိသွားတယ်လေ။

Yumi ပထမဆုံး ကျောင်းစတက်တဲ့ နေ့ 

Tr.:*ကဲ အားလုံး၊မင်းတို့ အတွက် သူငယ်ချင်းတစ်ယောက် ပါလာတယ်။

သမီးလေး နှုတ်ဆက်လိုက်ဦး*

Yumi:*annyeong,..ငါ့နာမည်က Yumi ပါ။

နောက်ဆိုရင်လဲ ကူညီပေးပါဦးနော်။*

Tr.:*ကဲ သမီး ဟိုနားက ပြတင်းပေါက်နားလေးမှာ သွားထိုင်လိုက်။ဟုတ်ပီလား။*

I promiseWhere stories live. Discover now