I promise

1K 55 2
                                    

One shot (part 2)

#rosellathwe

Kris Yumi အိမ်ကို တိတ်တိတ်လေး လိုက်လာရင်း အိမ်ရဲ့ အုတ်ပေါက်လေးကနေ အထဲကို ချောင်းကြည့် လိုက်တဲ့အချိန် သူ အရမ်းအံ့သြသွားပီး အရမ်းလဲ လန့် သွားခဲ့တယ်။

ဒါတင်မက၊မရည်ရွယ်ပါဘဲ Kris မျက်ရည်တွေ ကျလာမိတယ်။

Kris အထဲကို ချောင်းကြည့်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းက ခုံတစ်ခုံမှာ ထိုင်နေတဲ့ လူကြီးတစ်ယောက်က Yumi ခြေသလုံးကို အရှိုးရာ ထင်အောင် ရိုက်နေတာပါပဲ။

အဲ့လူကြီးဘေးနားမှာလဲ အရက်ပုလင်းတွေ ထောင် တ၀က်၊လဲတ၀က်ပေါ့။

Yumi အသံမထွက်နိုင်အောင်လဲ ပါးစပ်ကို အ၀တ်နဲ့ ဆို့ ထားတယ်။

Kris Yumi ခြေသလုံးကို အကြည့်ရောက်သွားတော့

ဟာ.....အရှိုးရာတွေဆို မြင်မကောင်းလောက်အောင်ပါပဲ။

အရှိုးရာ အချို့ မှာ သွေးစလေးတွေတောင် စို့ လို့ ။

Kris ဒီမြင်ကွင်းကို ဆက်မကြည့်နိုင်လို့  မျက်လုံးမှိတ်ထားလိုက်မိတယ်။

အဲလို လုပ်နေတုန်း လူတစ်ယောက်က သူ့ ကို ဆွဲခေါ်သွားတယ်။

Kris လန့် သွားပီး လှည့်ကြည့်လိုက်တော့ အဘွားကြီးတစ်ယောက်။

Grandma:*ကလေး၊ ဒီနားမှာ မနေနဲ့ ။

မင်းအတွက် အန္တရာယ် ရှိတယ်။

အဲဒီအိမ်ထဲက လူ မင်းကို မြင်သွားရင် ပြသနာ တက်လိမ့်မယ်။

အဘွားနဲ့ လိုက်ခဲ့။*

ဆိုပီး Yumi အိမ်နဲ့ ဘေးကပ်ရပ်အိမ်ကို ခေါ်သွားတယ်။

Grandma:*မင်း ခုနက မြင်ခဲ့တဲ့ မြင်ကွင်းနဲ့ ပတ်သက်ပီး သိချင်နေတယ်မလား။

မင်းမျက်လုံးတွေက အဲဒီအကြောင်းကို သိချင်နေတယ်ဆိုတာ ပြောပြနေကြတယ်။*

Kris:*ဟုတ်။သိချင်ပါတယ်။အဘွား။*

Grandma:*အဘွားက ဒီအိမ်မှာ နေတာ ကြာလှပီ။

Yumi လေးတို့ ပြောင်းလာတာ ကလဲ သိပ်မကြာသေးဘူး။

အဘွားလဲ မင်းမြင်ခဲ့ရတဲ့ မြင်ကွင်းကို မင်းကြည့်နေခဲ့တဲ့ နေရာကနေ မြင်ခဲ့တာ။

You've reached the end of published parts.

⏰ Last updated: Sep 21, 2014 ⏰

Add this story to your Library to get notified about new parts!

I promiseWhere stories live. Discover now