ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​ ( ၂၉ )

539 42 11
                                    

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်
🌷 အပိုင်း ( ၂၉ )

သူမဆီ​ရောက်​လာတဲ့ Mi ရဲ့ မျက်​ဝန်း​တွေမှာ ဝမ်းနည်းခြင်း​တွေကြီးဆိုး​နေ​လေ၏..။ မျက်​​တောင်​ကို ပုတ်​ခက်​လိုက်​ပြီး သူမကိုကြည့်​လာတဲ့ Mi ရဲ့မျက်​ဝန်း​တွေဟာပြန်​လည်​​မှေးဆက်​သွားခဲ့သည်​..။

" ဘာလို့ သူ့ကိုဘဲမြင်​​ယောင်​​နေမိတာပါလိမ့်​.." * mind *

" သတိပြန်​ရလာတာ မဟုတ်​ဘူးလား.." * whisper *

Mo - သူမကို​ယ်​သူမပြန်​​မေးမိသည်​..။ ထို့​နောက်​ သူမခပ်​ဖွဖွဆုပ်​ကိုင်​ထားသည့်​ Mi လက်​ကို ကုတင်​​ပေါ်အသာပြန်​ချ လိုက်​ပြီး အနားက ဆရာဝန်​​ခေါ်bellကိုနှိပ်​ရန်​ ​နေရာကထကာ လှည့်​ဖို့အပြင်​မှာဘဲ သူမလက်​ကိုပြန်​လည်​ လှမ်းဆုပ်​ဖမ်းကာ ကိုင်​လာသည့်​ Mi လက်​က​လေ..။ Mi ကိုင်​လာသည့်​ သူမလက်​ကို သူမပြန်​ကြည့်​လိုက်​ပြီး Mi ကို ကြည့်​လိုက်​​တော့ မျက်​ဝန်း​တွေ​မှေးဆက်​ထားဆဲပင်​ဖြစ်​သည့်​ Mi ဆီမှ စကားသံထွက်​​ပေါ်လာခဲ့သည်​..။

" မသွားပါနဲ့ .. အနားမှာဘဲ​နေပါ .. ဘယ်​ကိုမှ ထွက်​မသွားပါနဲ့​တော့.. "

ဝမ်းသာစိတ်​​ကြောင့်​ တစ်​ဖြည်းဖြည်းဖြစ်​တည်​လာသည့်​ သူမပါးပြင်​​ပေါ်က မျက်​ရည်​​တွေကို သူမလက်​ဖမိုးနဲ့ ခပ်​ကြမ်းကြမ်းသုတ်​လိုက်​သည်​..။ နှာ​တစ်​ချက်​ရှုံ့လိုက်​ပြီး........

" သတိပြန်​ရလာပြီလား.."

" အွန်​.. "

သူမစကားအဆုံး မျက်​လုံးတို့ဖွင့်​ကာ Mo ကိုကြည့်​လာသည်​..။

" ခဏ​လေးပါ.. ခဏ​လေးပါဘဲ .. ငါ့အနားမှာ ​နေ​ပေးလို့ရမလား.. "

" ......"

အ​ဖြေ​တော့ပြန်​မ​ပေးမိ​ပေမယ့်​ သူမထိုင်​ခုံမှာ ပြန်​ထိုင်​လိုက်​သည်​..။ ဒါဟာ သူမရဲ့ အ​ဖြေဆိုတာကို​တော့ Mi နားလည်​မည်​ထင်​ပါ၏..။

" ​တောင်းပန်​ပါတယ်​.. "

သူမစကား​ကြောင့်​ ဖြစ်​တည်​လာတဲ့ Mi မျက်​နှာ​ပေါ်က အပြုံးတစ်​ခုဟာ အရင်​အချိန်​ သူမမြင်​​တွေ့ခဲ့ဖူးသည့်​ အပြုံး​တွေ​လောက်​ မ​တောက်​ပတာအမှန်​ပါ..။ သို့​ပေမဲ့ Mi အပြုံး​တွေက​တော့ သူမအတွက်​ အမြဲတမ်းလှမြဲလှ​နေဆဲပါ..။

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​Where stories live. Discover now