1 {Unicode}

380 27 16
                                    

~ရယူပိုင်ဆိုင်လိုခြင်းဟာ အချစ်လား?

ဟင့်အင်းကျွန်တော်ကတော့
ပေးဆပ်ခြင်းနဲ့ပဲ သူ့ဆုတောင်းတွေကို
ဖြည့်ဆည်းပေးချင်တာ~
~•~•~

"Kinn မပြေးနဲ့ဆို"

ပန်းခြံထဲပြေးလွှားနေရင်
ခပ်ဆောင့်ဆောင့်လေးအအော်ခံလိုက်ရတာမို့ သူလျှာထုတ်ပြောင်ပြလိုက်မိသည်။

"Kinn ငါမောလာပြီလို့။
မပြေးနဲ့တော့ အဲ့ဦးထုပ်ပြန်ပေးပါဆို"

သူ့နောက်ကိုပြေးလွှားလိုက်ရင်း
ဆူကောက်နေတဲ့ PP ပါလေ...

သူကလည်းစိတ်မဆိုးဆိုးအောင်
စချင်သည်မို့ P ဆောင်းထားတဲ့ဦး‌ထုပ်ကိုယူကာ ပတ်ပြေးနေခြင်းသာ။

"တော်ပြီ မင်းနဲ့မခေါ်တော့ဘူး"

ဆူအောင့်ပြီးသူ့ကိုကျောခိုင်းထွက်သွားပြီမို့ သူအပြေးအလွှားလိုက်ကာ ပုခုံးကိုသိုင်းဖက်လိုက်တော့ သူ့လက်တွေဖယ်ချခံလိုက်ရခြင်းနဲ့အတူ မျက်စောင်းတစ်ခုကဒိုင်းခနဲ။

သူပိုစချင်လာတာမို့ ဦးထုပ်ကို
P ခေါင်းပေါ်ကို ခပ်ကြမ်းကြမ်းစွပ်ချပေးလိုက်သည်။

"နာတယ်။ နာတယ်လို့။ အဲ့လို့ကြမ်းကြမ်းတမ်းတမ်းတွေမစဖို့ပြောထားသားနဲ့"

P တကယ်နာသွားပုံရသည်မို့ သူစိတ်ထဲမကောင်းချင်တော့...

သူ ကပျာကယာဦးထုပ်ကိုဖယ်ပေးမိတော့ ဦးထုပ်ကြောင့်နီရဲသွားတဲ့ နှဖူးပြင်လေး။

နာကျင်စေလိုတဲ့ဆန္ဒမပါပဲ စလိုက်ရုံသက်သက်ပေးမယ့် နုဖက်နေတဲ့အသားအရည်လေးဟာ တကယ်ရဲပတောင်းကိုခတ်သွားတာပါပဲ...

ကြည့်ရင်းသူ့စိတ်ထဲတော်တော်မကောင်း။

ရဲနေတဲ့နှဖူးပြင်‌လေးကို ခပ်ဖွဖွတို့ထိရင်း မျက်ရည်တို့ဝဲတက်လာရသည်။

PP နဲ့ပတ်သတ်လာရင် သေး‌သေးလေးတောင် အထိခိုက်မခံနိုင်ပါ...

Dandelion (Mini Fic) Z+UWhere stories live. Discover now