Chapter ❇11❇

5.6K 740 74
                                    

[UNICODE]

Chapter [11]

နေ့ရက်တွေတစ်ရက်ပြီးတစ်ရက်
ကုန်ဆုံးလာခဲ့တယ်
နှစ်ယောက်သား ရင်းနှီးမှု အတိုင်းအတာတွေ တိုးတက်လာခဲ့တယ်။

သူ့အပေါ်ကျွန်တော်ထားရှိတဲ့
ခိုင်မြဲနေသော ချစ်ခြင်း ထုထည်ကို
သူသိလားမပြောတတ်။

ပြောတတ်တာကတော့
သူ့အပေါ်ဘယ်လောင်အလိုလိုက်ပြီး ဘာပဲဖြစ်ဖြစ် သူ့စကားဆို မငြင်းတတ်တဲ့ အကြောင်းကိုတော့
ကလေးစုတ်လေးက တော်တော်သိနေပါပြီ

ပုံမှန်အချိန်တွေမှာတော့
ခပ်တည်တည်စတိုင်နဲ့ နေသေးတယ်
သူက Gentle သခင်ကြီး
Sexy Handsomeသခင်ကြီးဆိုပဲ။

အမှားလုပ်ထားရင်တော့
ပုစံကတမျိုးပေါ့
သကြားလုံးပျောက်သွားတဲ့
ကလေးသူငယ်ရုပ်ကလေးနဲ့
လူကို ချွဲ ပြီးတော့ အဆူမခံရအောင်
ကြံဆောင်တယ်
တတ်လည်းတတ်နိုင်တဲ့ Park Jimin
ကိုယ်ကလည်း အဲ့ကလေးကိုပဲ ပြုတ်ကျကြွေခနေတာဆိုတော့ကား... ။

Yoongiဆိုတဲ့ ကျွန်တော်လည်း

သူသာတစ်ချက် Hyungကလည်း သံရှည်လေးဆွဲပြီး ချွဲလိုက်ရင်
company ပထမထပ်ကို ဒုတိယထပ်နဲ့ မှားသွားအောင်
ဇောက်ထိုးမွှေထားလည်း ခွင့်လွှတ်ပေးလိုက်တာမျိုး။

Company က Director လဲဖြစ်တဲ့ shareman ကို
ရှောင်လင်သိုင်းပြိုင်ချရအောင် သွားစိန်ခေါ်ပြီး ကိုင်ပေါက်ခဲ့လည်း
မျက်နှာလေးငယ်ပြီး မပြုံးနိုင်တာလေး မကြည့်ရက်လို့
နောက်မလုပ်နဲ့လို့ သာ ပြောပြီး
ကိုယ်စားတောင်းပန်ခဲ့ပေးရတာမျိုး။

သူသိုင်းကျင့်နေတုန်း နောက်ကသွားမိလို့
တုတ်နဲ့ထိမိပြီး လက်ကျိုးသွားပေမဲ့လည်း
မငိုနဲ့တော့ ဘာမှမနာပါဘူးပြောရင်း
ပြုံးပြခဲ့တာမျိုး....။

ဒါတွေက သူ့ကိုအလိုလိုက်တာ
အရမ်း သိသာသွားစေတာလား။

ထားပါ ခုတော့ ကားကိုပြန်လှည့်နေရတယ်
ရုံးဆင်းလို့ အိမ်ပြန်ပို့ပေးခဲ့တာမကြာသေး
ငိုကြီးချက်မနဲ့ ဖုန်းဆက်လာတယ်။

သူ့ကို အုပ်စုဖွဲ့ပြီးအနိုင်ကျင့်နေလို့
လာပြန်ချပေးပါတဲ့ .. လေ ။

My Little Adorable Bodyguard [YM ] ✅Where stories live. Discover now