အမှတ်စဉ် ၄၉

93 8 3
                                    

ထစ်ခနဲရှိ ဝမ်းနည်းမယ်
ကဗျာတွေ ရေးမယ်
အဆွေးသီချင်းတွေ နားထောင်မယ်
ရင်နဲ့ မဆံ့အောင် ခံစားတတ်တဲ့ ညီမက
အကိုနဲ့ ဝေးပြီးကတည်းက
နာကျင်မှုကို ယောင်လို့တောင်လှည့်မကြည့်တော့တာပဲ...

မျက်ရည်ဝဲစရာပိုစ့်တွေ nf မှာတက်လာတယ်
ညီမ မဖတ်ဘူးအကို...hide ပစ်လိုက်တယ်...

အဆွေးဇာတ်လမ်းတွေမကြည့်တော့ဘူးအကို
Sad ending တွေက နာကျင်ရတယ်လေ...

စိတ်ကူးထဲမှာ ကဗျာတွေတန်းစီနေတဲ့ညီမက
နောက်ထပ် ကဗျာတွေထပ်မရေးနိုင်တော့ဘူး...

စကားလုံးလှလှလေးတွေ ထပ်မထွက်တော့ဘူးတဲ့အကိုရေ...

ညီမကို နာကျင်ခံစားရစေမယ့်အရာတွေရဲ့
အဝေးမှာနေပါတယ်...

ဒါဟာ နာကျင်မှုကနေ ရှောင်ပြေးလို့ရအောင်
လွတ်လမ်းရှာနေတာပါအကို...

အကိုပေးတဲ့ နာကျင်မှုလောက်မနာပေမယ့်လေ.....။

မင်းဆီမပို့ဖြစ်သောစာများWhere stories live. Discover now