Part - 6

319 32 0
                                    

( 6
" ​နောက်​တစ်​​ယောက်​ကို​ရော ဘယ်​မှာသွားရှာမလဲ "
" အဲ့တာ​တော့ ငါလဲမသိဘူး
လော​လောဆယ်​ငါဗိုက်​ဆာ​နေတယ်​ "
ဒါရီမာက ဗိုက်​က​လေးကိုပုတ်​ရင်း ဗိုက်​ဆာသည့်​အ​ကြောင်း​ပြောကာမှ ဆူးရံ​တောင်​ဗိုက်​ဆာလာပြီ...
အချိန်​ကလဲ ကြည့်​ဦး ​နေ့လည်​ဆယ့်​နှစ်​​တောင်​ထိုး​တော့မယ်​....
" ဗိုက်​ဆာရင် ထမင်းသွားစားကြမယ်​​လေ ငါနဲ့ခင်​တဲ့ဆိုင်​ရှိတယ်​...."
" အင်း အင်း "
ဒါရီမာက တက်​တက်​ကြွကြွ ခုန်​​ပေါက်​​ရင်း....က​လေးတစ်​​ယောက်​လို ဖြူစင်​​နေသည်​မို့....ဆူးရံ ရီမာ့ကိုကြည့်​ရင်း အ​ပျော်​​တွေကူးစက်​လာသည်​....။
" နင်​ ​ရေခဲမုန့်​ကြိုက်​လား "
တစ်​​ယောက်​ထဲစကား​ပြောသလိုဖြစ်​​နေသည့်​ ဆူးရံကို ​ဘေးနားကလူ​တွေက ၀ိုင်းကြည့်​ကြသည်​....။ ဆူးရံက​တော့ သူတို့ကိုဂရုမစိုက်​အား...။

" ​အေး ​ရေခဲမုန့်​က ငါအကြိုက်​ဆုံးပဲ "

ဒီနားမှာ ​ရေခဲမုန့်​ဆိုင်​ရှိတယ်​ ငါဝယ်​​ကျွေးမယ်​ "

" အဟီး ကြိုက်​​ပေါက်​ပဲ..."

ဆူးရံနှင့်​ရီမာ ပလက်​​ဖောင်း​ပေါ်လမ်း​လျှောက်​လာရင်း  ဘာရယ်​မဟုတ်​ စကား​တွေ​ဖောင်​ဖွဲ့​ပြောကြသည်​...။
အ​နေ​အေးသည့်​ ​ရေခဲတုံးဆူးရံက​တော့...၀ိညာဉ်​နှင့်​​တွေ့မှ အရည်​​ပျော်​ကုန်​ပြီ....။

ရေခဲမုန့်​နှစ်​ခုကို ကိုင်​ပြီး....လမ်းဖြတ်​ကူးရန်​​စောင့်​​နေလိုက်​သည်​....။ ​နေကပူပူ...လျှာထိုးဦးထုတ်​​ဆောင်းပြီး လက်​ရှည်​၀တ်​လာသဖြင့်​သာ သက်​သာ​တော့သည်​...။ မဟုတ်​ရင်​ ပြာကျသွားမလားဘဲ....။
ရေခဲမုန့်​ကိုအခြားလူတစ်​​ယောက်​ကို​ကျွေးရမည်​မို့...​အသင့်​​တော်​ဆုံးလူတစ်​​ယောက်​ကို မျက်​စိက​ဝေ့၀ဲရှာ​ဖွေ​နေစဉ်​....က​လေးတစ်​​ယောက်​က....​ယောင်​​ပေ​ပေနှင့်​ မိမိတို့နားသို့​ရောက်​လာ​လေသည်​...။ ​ပေ​ရေ​နေ​သော အ၀တ်​အစားများကြားမှ သနားဂရုဏာသက်​ဖွယ်​ မျက်​နှာ​လေးကို ​တွေ့လိုက်​ရသည်​မို့....က​လေးအနား​လျှောက်​သွား၍

" က​လေး ​ရော့ စား​လိုက်​​"

တကယ်​ယူရမှာလားဟူသည့်​အကြည့်​မျိုးဖြင့်​ ​ခေတ္တကြည့်​ရင်း ​လှမ်း​ပေး​နေသည့်​ ​ရေခဲမုန့်​ကို မ၀ံ့မရဲ လှမ်းယူသည်​...။ က​လေးကို ဆူးရံပြုံးပြပြီး လမ်းတစ်​ဖက်​သို့ မြန်​မြန်​ကူးလာခဲ့လိုက်​သည်​...။ ဗိုက်​ကလဲ အ​တော်​ဆာ​နေပြီ....
ရီမာ့လက်​ထဲမှာလဲ ​ရေခဲမုန့်​​လေး ​ရောက်​​နေပြီ​လေ...။

ချစ်​လှစွာ​သော ဒါရီမာ Z+U ( Complete )Tempat cerita menjadi hidup. Temukan sekarang