အပိုင်း - ၁၈💛

25.3K 1.7K 39
                                    

"သော့ပေး ... သော့ သော့ ... master keyပေး"

လွန်း receptionမှာသော့ကိုအတင်းတောင်းနေမိသည်။ စင်္ကာမှာသွားပြီး မြန်မာလိုပြောနေမိမှန်းပြီးမှသတိထားလိုက်မိသည်။

"Sorry.Give me the key ... Room 1005 ... Loon Gone Shain"

ဧည့်ကြိုကောင်တာမှမိန်းကလေးတွေကလည်းသော့ကိုထုတ်ပေးလိုက်သည်။ လွန်းနဲ့ရှင်း နိုရာ့ဆီကိုမြန်မြန်ပြေးလာခဲ့ကြသည်။

"ဘာလို့လဲ ... ဘာလို့ မင်းဒီလိုတွေလုပ်နေရတာလဲ"

ပိုင်ခန့် နိုရာ့လည်ပင်းကိုဆေးထိုးမည်လုပ်နေစဉ် နိုရာမေးလိုက်သည်။ နိုရာမျက်ရည်များတသွင်သွင်စီးကျလာသည်။ ပိုင်ခန့် မိမိပြုနေသမျှကို ရပ်တန်းပြီးနိုရာ့ကိုကြည့်လိုက်သည်။

"ဟက်! ငါလိုချင်တဲ့အချစ်ကိုရဖို့ မင်းပျက်စီးမှရမယ်"

"ကိုကိုလွန်းက မင်းကိုမှမချစ်တာ ... ငါပျက်စီးသွားတော့ရော သူကမင်းဆီလာမှာတဲ့လား"

"မင်းကဘယ်လိုသိတာလဲ ... ငါကအစ်ကိုလွန်းကိုချစ်တယ်ဆိုတာ"

"ငါကြားခဲ့တယ် ... လေဆိပ်မှာမင်းနဲ့ကိုကိုလွန်းပြောနေတာတွေကိုငါအကုန်ကြားတယ် ... ငါမသိချင်ယောင်ဆောင်နေခဲ့တာ ... မင်းဒီလိုလုပ်လိမ့်မယ်လို့ငါမထင်မိဘူး ... မင်းမှာပညာတွေသင်ထားတာ စဉ်းစားဉာဏ်တောင်မရှိတော့ဘူးလား ... မင်းပဲထိခိုက်ရမှာလေ ... မင်းပဲနာကျင်ရမှာ"

"မင်းလိုရောဂါသည်ပြောတာတွေကို ငါကနားထောင်မယ်များထင်နေလား ... မင်းအနားမှာနေခဲ့တာလည်း အစ်ကိုလွန်းကြောင့်ပဲ ... ရောဂါသည်အနားကိုကပ်ချင်လွန်းလို့ကပ်နေတာ်ထင်မနေနဲ့"

"မင်းမှားနေပြီ ... အချစ်အတွက်နဲ့မင်းဘဝကိုဆုံးရှုံးခံတော့မလို့လား"

"ဘာပဲဖြစ်ဖြစ် အစ်ကိုမင်းကိုရွံသွားစေရမယ်"

ပိုင်ခန့် လုပ်ငန်းကိုဆက်လိုက်သည်။ ဆေးထိုးအပ်အဖုံးကိုပါးစပ်ဖြင့်ကိုက်ဖွင့်လိုက်သည်။ နိုရာမျက်လုံးတွေမှိတ်ချထားလိုက်သည်။ နိုရာ့မှာရုန်းနိုင်သည့်အင်အားမရှိတော့ပါ။ အသက်ကိုပင် မနည်းလုရှူနေရသည်။

Just For You💛Where stories live. Discover now