အပိုင်း (၁)

8.9K 391 44
                                    

"ကျွန်​​တော့်​အ​နေနဲ့ ကျန်းဂိုဏ်းချုပ်​ကို ကာကွယ်​​ပေးချင်​တယ်​။ ​စောင့်​​ရှောက်​​ပေးချင်​တယ်​။ ဝမ်းနည်း​နေတဲ့အခါမှာ ​ထွေး​ပွေ့​​ပေးချင်​တယ်​။ ကျွန်​​တော်​ ခင်​ဗျားနဲ့ အချိန်​တိုင်း၊ ​နေ့ရက်​တိုင်း အတူရှိချင်​တယ်​။"

ခန္ဓာထက်​တွင်​ တင့်​တယ်​စွာ ဆင်​မြန်းထားပါ​သော ဝတ်​ရုံဖြူသည်​ ​လေအ​ဝှေ့တွင်​ အရှင်​သခင်​၏ တုန်​လှုပ်​မှုနှင့်အတူ လှုပ်​ခါ​နေသ​ယောင်ထင်​ရသည်​။ ဇယ်​ဝူကျွင်းမည်​​သော လူသားသည်​ ဘယ်​​သောအခါမှ ​တွေ​ဝေခြင်းမရှိခဲ့။ လန်​ဂိုဏ်း၏ ​ကျောက်​စိမ်းညီ​နောင်​နှစ်​​ဖော်​သည်​ ​ကျော်​​ဇော​မွေးပျံ့​သော ဂုဏ်​သတင်းအတိုင်းပင်​ အမှန်​တရားအတွက်​​ ဘယ်​​သောအခါမှ ​နောက်​မတွန့်​ခဲ့။ သို့​သော်​ငြားလည်း ယခုက​တော့ မတူပြီ။

သူ့အား ​ကျောခိုင်းလျက်​ ရပ်​​နေ​သော ပိန်​သွယ်​သည့်​ ပုံရိပ်​ငယ်​သည်​ လ​ရောင်​​အောက်​မှ ယွင်​မုန်​ကျန်း၏ တန်​ဖိုးကြီးအလှတရားကို ငြိမ်​အေးစွာ ခံစားလျက်​။ ခါးတွင်​ ချိတ်​​သော ခြူငယ်​သည်​ ​လေအ​ဝေ့တွင်​ မတိုးလွန်း​သော်​လည်း မကျယ်​လွန်း​သော အသံကို ပြုရှာသည်​။

"အားချန်​ ကျွန်​​တော်​ ခင်​ဗျားကို မြတ်​နိုးမိ​နေပြီထင်​ပါရဲ့"

သိမ်​​မွေ့စွာ ဝန်​ခံမိ​သော အခိုက်​တွင်​ တစ်​စုံတစ်​​ယောက်​က ပြက်​ရယ်​ပြု​တော့မတတ်​ ​စောင်းငဲ့ကြည့်​လာသည်​။ နာကျင်​ရပါ​သော နှလုံးသားကို အသံတိတ်​​ချော့မြှူရင်း ခံစားချက်​မျိုးစုံ အစဉ်​​​ရောပြွန်း​နေခဲ့​သော ဖတ်​ရခက်​သည့်​ မျက်​နှာဖြူနုနုကို မြင်​လွှာအတွင်း ဖမ်းဆုပ်​ကာ အမြတ်​တနိုး ​ငေးကြည့်​မိသည်​။ အံ့သြရိပ်​တို့ ရှိမ​နေ​သော မျက်​နှာထက်​တွင်​ ​အေးခဲ​သော အရိပ်​အ​ယောင်​များမှ တစ်​ပါးအခြားမရှိခဲ့​။ထိုသူသည်​ လန်​ရှီချန်​၏ ခံစားချက်​တို့ကို အစကတည်းကပင်​ ရိပ်​မိ​နေခဲ့​​ကြောင်း အတည်​ပြု​ပေးလိုက်​​​ချေပြီ။

လန်​ရှီချန်​ ပြုံးပြမိ​သော်​လည်း နှလုံးသည်းပွတ်​က နာကျင်​​နေသည့်​အတွက်​ မပီပြင်​လိုက်​။ အားချန်​သည်​ ​အေးစက်​​သော မျက်​နှာထား၏ ​နောက်​ကွယ်​တွင်​ ခံစားချက်​တိုင်းကို ကွယ်​ဝှက်​ထားတတ်​၍ စိတ်​ရှုပ်​​ထွေးေ​လ​လေ၊ သူ၏မျက်​နှာက ပို၍ ​အေးခဲလာ​လေ​လေပင်​ဖြစ်​သည်​ကို လန်​ရှီချန်​ နားလည်​ထားသည်​။

မေတ္တာတရားဖြင့်​ လွှမ်းခြုံအပ်​​သောWhere stories live. Discover now