Part 27

1.7K 189 16
                                    

BGM For this Part
ဒီသီချင်းလေး ဖွင့်ရင် ဖတ်ရင် ပိုပြီး Feelလို့ ကောင်းမှာပါ 😉
Chen ရဲ့ Cherry Blossom (OST)လေးပါ
အားလုံးအဆင်ပြေအောင် Mmsub လေးရှာပေးထားပါတယ်

           ☆☆☆☆ LoVe MiracLe ☆☆☆

D Day 📅

Mae : ဟိုရောက်တာနဲ့ ဖုန်းဆက်နော် သား

Mark : Kurp! Mae တို့ သွားစရာရှိသေးတယ်မလား! ပြန်ကြတော့လေ ! ဒီမှာက ကြာဦးမှာ

Mae : အင်း ! ဟိုမှာ ဂရုစိုက်နော် Mark

         Mae နှင့် Pa တို့က သူ့ကို လိုက်ပို့ပြီးနောက် အရေးကြီးကိစ္စရှိနှင့်သေး၍ လေယာဉ်ချိန်ထိ စောင့်မနေခိုင်းတော့ဘဲ  ပြန်လွှတ်လိုက်သည်~ P'Mean ကတော့ ထပ်စောင့်ပေးမည်ဟု ဆိုကာ မပြန်သေး~
       မကြာခင် P'Plan ပါရောက်ချလာ၏ ~ စောင့်မျှော်နေသူများ ပါလာလေမလား မျှော်လင့်ချက်ဖြင့် P'Plan နောက် ဝေ့ဝိုက်ရှာဖွေမိသော်လည်း အချည်းနှီးသာ ~ အပြေးရောက်လာသောP'Plan ကတော့ အတော်လေး မောဟိုက်နေ၏ ~

Plan : 😥 ဟူး!!! တော်သေးတယ် ! မမီလိုက်မှာ စိုးနေတာ  ! ရော့ Mark ! လက်ဆောင် ! 🎁

Mark : P'Plan 😮 P'Mean ဆီကနေတစ်ဆင့် လက်ဆောင်ပေးပြီးသွားပြီမလား? ဘာလို့ ထပ်ပေးနေတာလဲ?

Plan : Mark မင်းလဲ စကားကိုများတယ်! ပေးရင် ယူလိုက်ပေါ့

      မိမိလက်ထဲ အတင်းထိုးထည့်ပေးနေသောကြောင့် ~

Mark : အင်းပါ P'ရဲ့

Plan : Arr! P'Gun က ဒီနေ့ အရေးကြီး Project ရှိလို့ မလာဖြစ်လောက်ဘူး ထင်တယ်

Mark : အင်း

    Mark အားတင်းကာ P'Plan ကို ပြုံးပြလိုက်သည် ~

Mean : Mark ! အထဲဝင်တော့ ! အချိန်နီးနေပြီ

Mark : အင်း !  P'Plan သွားပြီနော် ~ P'Mean ☺ ကို သေချာအပ်ခဲ့မယ်

Plan : အင်း

☆☆☆☆☆☆☆

           GATEကိုမဖြတ်မီ Mark မျှော်လင့်ချက်ဖြင့် နောက်ဆုံး အကြိမ် ထပ်မံ လှည့်ကြည့်မိပြန်၏ ~ သက်ပြင်းအစုံချလိုက်ရင်း  မိမိကိုယ်ကို
နှစ်သိမ့်စကားဆိုလိုက်၏ ~

LOVE MiracleWhere stories live. Discover now