Ren

1.8K 225 2
                                    

°° Ren !!! °

Ep - 2

မနေ့ညက အခြင်းအရာအား ပြန်လည် မြင်ယောင်မိ
တော့ ရင်ထဲတွင် သိမ့်ကနဲ လှုပ်ရှားမှုလေး တစ်ခု
ဖြစ်တည်သွားရ၏ !!!!!!

မြင်ပြင်ကျယ် ကြီး၏ မြင်ကွင်းအား ရှင်းရှင်း လင်းလင်း
မြင်ရသည့် မြက်ပင်ရှည် ယိမ်းနွဲ့နွဲ့တို့ကြားမှ သစ်သား
ခုံတန်းလျားလေးတွင် ထိုနေသော်လည်း စိတ်အစဉ်
တို့ကမူ သံစဉ် တစ်ခုတွင် နစ်မြောစီးဝင်လျှက်ပင် !!

လေတစ်ချက်အဝှေ့မြက်ပင်လေးများယိမ်းနွဲ့သွားသကဲ့သို့သူ၏ ဆံနွယ်များသည်လည်း လေပြင်းလေး၏ တိုးဝှေ့ကျီစယ် သွားခြင်းအား ခံရသည် !!!!

နားထဲစွဲထင်နေသော သံစဉ်အပိုင်းအစလေးအား
နှုတ်မှ ခပ်ဖွဖွ ညည်းညူ ကာ မြစ်ပြင်ကျယ်ဆီ လှမ်းမျှော်
ကြည့်မိတော့ လှေသေးသေးလေး တစ်စင်းက သူ၏
အထီးကျန်ဆန်မှုတွေကို နိဒါန်း ဖွင့်ပေးခဲ့လေသည် !!!

ရှည်သွယ်သွယ် လက်ချောင်းကလေးတွေ Piano
ခလုတ်များထက်တွင် ခပ်သွဲ့သွဲ့ ပြေးလွှားတော့
ပြီးပြည့်စုံသော အလှတစ်ခုဖြစ်ပေါ်၏ !!!

ဗလာကျင်းသော ခြေဖဝါး နုနုလေးတစ်စုံဖြင့် သူ့စိတ်
ထဲဝင်ရောက်လာခဲ့သော ကောင်လေးသည် ဝိဥာဉ်ဖြူ
လေးပေပင်လော !!! ကံကြမ္မာ၏ စီရင်မှုတစ်ခုပေပင်
လော !!!!!

R E N

ညနေဆည်းဆာရောင် သဲ့သဲ့ ၏ အကူအညီဖြင့်
ထိုအိမ်ကြီး၏ ခန့်ညားမှုက ထီးထီးကြီးပေါ်လွင်နေ၏ !!
ရှေးခေတ်ကို ဖော်ဆောင်ထားသော ထိုအိမ်ကြီးထဲတွင်
ထိုကောင်လေးရှိနေလိမ့်မလား !!!!

တစ်ညတာ တီးခတ်မှုလေးနဲ့ လှည့်စားသွားသည်တော့
မဖြစ်ရာ !!!!! ထို့ကြောင့် ယနေ့ညအတွက်လည်း
ထိုကောင်လေးရှိရာ သွားရန် သူအားခဲထားမိ၏ !!!!
မျက်နှာလေးတော့ ဒီနေ့ည မြင်နိုင်ကောင်းပါရဲ့ !!!!!

နေ့ခင်းပိုင်းများတွင် ဦးလေးငယ်၏အရိပ်တကြည့်ကြည့်
ဂရုစိုက်မှု များကြောင့် ထိုခြံဝန်းကြီးထဲသို့ သွားရန် သူ
မကြိုးစားခဲ့ပါ !!!!
မှောင်ရိပ်သန်းလာသည်နှင့်အမျှ ကုတင်ခေါင်းရင်း
ပြတင်းပေါက်လေးအား ထိုင်ငေးလျှက် သူငြိမ်သက်
နေခဲ့ပါသည် !!!!!

Ren ( Z + U Completed )Where stories live. Discover now