M e l o d y-2

647 123 8
                                    


'တက္ကသိုလ်များဆိုင်ရာ ပန်းချီပြိုင်ပွဲ'

notice board မှာ ကပ်ထားသော ကြော်ငြာစာရွက်ကို Yeol တယောက် ရပ်ကြည့်နေရင်း ငယ်ငယ်တည်းက ဝါသနာ ထုံလာခဲ့သော ပန်းချီအတတ်ပညာကို သွားသတိရမိသည်.

ငယ်ငယ်က စာစိတ်မဝင်စားပဲ ပန်းချီဘက်အားသန်မှာစိုး၍ တားမြစ်ပိတ်ပင်ခဲ့သော မိဘ များကြောင့် ခုချိန်မှာ ပန်းချီဆရာ တယောက် ဖြစ်မလာခဲ့ခြင်းပင်.

notice board မှ ကြော်ငြာစာကို အကြည့်လွှဲကာ အခန်းဆီပဲ တန်းတန်းမတ်မတ် လျှောက်လာခဲ့တော့သည်.
အတန်းထဲ ရောက်တော့ တီးတိုး တီးတိုး စကားသံများနဲ့ ပန်းချီပြိုင်ပွဲ ဝင်နွှဲရန် ပြင်ဆင်နေကြသူများက အများအပြား.

အတန်းခေါင်းဆောင်က စာရင်းလိုက်ကောက်နေပုံရပြီး Yeol ကို မြင်တော့. .

'Chanyeol ya. ပြိုင်အုံးမလား. ပန်းချီပြိုင်ပွဲ. '

'ကျွန်တော်... ... '

သူ စကားတောင်မဟရသေး.သူ့ နားမှာ ထိုင်သော Sehun ဆိုသော ကျောင်းသားက ဝင်ပြောသည်.

'မင်း ပြိုင်သင့်တယ်. ဟိုတနေ့က recess time မှာ မင်း ဆွဲနေတဲ့ ပုံ ငါတွေ့လိုက်တယ်. တကယ့်ပုံ အတိုင်းပဲ။ အသက်တော်တော်ဝင်တာ. '

'ဟိုလေ. . '

'ဒါဆို ပြိုင်သင့်တာပေါ့. ဘာပြိုင်ရမယ်လို့ ခေါင်းစဉ် မရှိဘူး. ကိုယ့် စိတ်ကြိုက် ဆွဲနိုင်တယ်. သဘာဝ ဆန်ဆန် လှရင် ပိုအဆင်ပြေတယ်တဲ့. ဒါဆို Chanyeol ပါမယ်'

Yeol တယောက် ဘာစကားမှ မပြောရသေးခင် သူ့ နာမည် ကောက်ထည့်ရေးကာ အတန်းရှေ့ ထွက်သွားသော Suho ကြောင့် နေရာတင် ကြောင်တောင်တောင် ရပ်ကျန်ခဲ့သည်.

ခနအကြာ ဆရာ ဝင်လာတာမို့ သူလည်း နေရာဝင်ထိုင်ကာ စာအုပ်ထုတ်လိုက်ရသည်.
စာသင်ခန်း ပြတင်းပေါက်ကို ငေးကြည့်မိတော့ အပြင်မှာ နီရဲရဲ အရွက်တို့ ကား တဝဲဝဲ ကြွေနေလေရဲ့။

'လီဆွန်း မင်းကြီးက ဂျိုဆွန်းပြည်ကို... ... ... ... ... ... ... ... ... ... '

🍂

🍂

🍂

🍂

🍂

You've reached the end of published parts.

⏰ Last updated: Mar 26, 2020 ⏰

Add this story to your Library to get notified about new parts!

Classicism MelodyWhere stories live. Discover now