Part 2
တီ တီ တီ
ဖုန်းကိုကိုင်လိုက်ပြီး
" ဝင်လာခိုင်းလိုက်ပါ "
Arthit ဝင်လာပြီး
" ကျွန်တော် တောင်းပန်ပါတယ် အိမ်ကအစောထွက်လာပေမဲ့ လမ်းမှာကားကျပ်လို့ ပြီးတော့ ထမင်းချိုင့်ကလည်း ချက်ပြီးပြင်ပြီးမှ ကျန်ခဲ့တာ. "
ကျွန်တော်ဘာကြောင့်ခေါ်မှန်းမသိပဲ တရစပ်တောင်းပန်နေတဲ့ Oon လေး
" အဲ့တော့ ထမင်းချိုင့် ပါမလာဘူးပေါ့ "
" ဒါပေမဲ့ မန်နေဂျာ မစိုးရိမ်ပါနဲ့  ကျွန်တော်ကို ၁၅ မိနစ်ပဲ အပြင်ထွက်ခွင့်ပြု ကျွန်တော်ပြေးသွားယူလိုက်မယ် "
" တော်ပါပြီ ညနေမှ နေ့လည်စာ စားနေရအုန်းမယ် "
Arthit ကျွန်တော်ကို မကြည့်ပဲ ခေါင်းငုပ်ထားတာကြောင့်
" Baby! "
Baby လို့ခေါ်လိုက်တာနဲ့ ကျွန်တော်ကို ကြည့်ပြီး
" ဦး တစ်ကြိမ်မှားတာကို ခွင့်လွှတ်တယ် မဟုတ်လား ...ဟူး လန့် သွားတာပဲ ဦးရယ် "
မသိရင် Oonက ဒီတစ်ကြိမ်ပဲ အမှားလုပ်ဖူးတဲ့ ပုံစံနဲ့
" ဘယ်သူက ခွင့်လွှတ်တယ်ပြောလို့ လဲ "
" Baby လို့ခေါ်တာ ခွင့်လွှတ်လို့ ပေါ့ ဦးကလည်း "
" ဟုတ်ပါပြီ "
ကျွန်တော် Oonနား လျှောက်လာပြီ ရပ်နေတဲ့ သူနောက်ကနေရပ်ပြီး Baby လည်ပင်းမှာ ဆွဲကြိုးဆွဲပေးလိုက်သည်
" Happy. Birthday Baby! "
" ဟင် ! "
Baby လေး ကျွန်တော်ဘက်လှည့်ကာ
"ဒီနေ့ ကျွန်တော်မွေးနေ့ "
"ဘာလဲ ကိုယ့်မွေးနေ့ တောင် မေ့သွားပြန်ပြီလား "
" ဟီးဟီး ဟုတ်သားပဲ ကျွန်တော်မွေးနေ့ပဲ ဦး ဒီနေ့ ကျွန်တော်မွေးနေ့ဆိုတော့ နေ့လယ်စာ ရော ညစာရော လိုက်ကျွေးနော် "
" ဦးက လက်ဆောင်ပေးပြီးပြီလေ ကလေးက ကျွေးရမှာ မဟုတ်ဘူးလား "
" ပိုက်ဆံအိတ်က အိမ်မှာ မေ့ကျန်ခဲ့ပြန်ပြီ ဦးရဲ့ အခု ကျွန်တော် အိပ်ကပ်ထဲမှာ ဘတ်တစ်ရာပဲရှီတယ် "
" ဟုတ်ပါပြီ ဦးကစတာပါ Baby လေးမွေးနေ့မှာ စားချင်တာတွေ လိုက်ကျွေးမယ် "
"ဟီးဟီး ပျော်စရာကြီး "
အရာရာအားလုံး မေ့ကျန်ခဲ့တဲ့ Baby လေး စာရင်းလုပ်ရင်တော့ ထက်မြက်လို့ ကျေးဇူးတင်ရမယ်