သော်နိုး မြင်လိုက်ရတဲ့ ကိုယ့်မျက်လုံးတောင်ကိုယ်မယုံချင်...လေးနှစ်လောက်မတွေ့ရတဲ့သူက ခုမှရုတ်တရတ်ကြီးပေါ်လာတော့
"ဦး....Waeyo..."
သော်နိုးမေးခွန်းကကြောင်လွန်းနေတာကို သိပေမယ့်လည်း ဦးကိုပြောစရာဘာစကားမှထွက်မလာ။ပြန်တွေ့တဲ့အခါဒီလောက် အေးစက်နေမယ်မထင်ခဲ့...
"နိုး ကို..မေမိုးကမုန့်ဖိုးလာပေးခိုင်းလိုက်လို့...ph.noကိုမပေးလိုက်ပဲကျောင်းကိုပဲပြောပြလိုက်လို့ ဒီထိရောက်လာတာ..အနှောင့်အယှက် ဖြစ်သွားလား နိုး"
"ဟမ်...အဲ့လိုသဘောနဲ့မေးတာမဟုတ်ပါဘူး ဦး ရဲ့...လေးနှစ်တောင်မတွေ့ရပဲ ခုမှရုတ်တရတ်ပေါ်လာတော့...."
သော်နိုး လက်ကိုပြုတ်ထွက်မတတ်ခါရမ်းရင်း ရှင်းပြချက်တွေပေးမိတော့
"အတန်းမရှိဘူးလား...နိုး..."
ပြောနေတဲ့လမ်းကြောင်းနဲ့မဆိုင်တဲ့ဘက်ရောက်သွားတာမို့
"ဟမ်...ပထမဆုံးနေ့မို့ ဆရာမတွေမ၀င်သေးတာနေမှာပါ..လာမယ်ထင်တယ်...ဘာလို့လဲ"
"နိုးနဲ့နိုး သူငယ်ချင်းတွေကို မုန့်လိုက်ကျွေးမလို့ပါ"
ဦးစကားအဆုံး သော်နိုးကအားနာပြုံးပြုံးပြလိုက်ရင်း
"Arrr...."
"၀ယ်ကျွေးချင်ရင် ရပါတယ် ဟို..'ဦး'..အတန်းကမရှိဖို့များတယ်"
သော်နိုးငြင်းဖို့စကားသန်းချိန်မှာ ဖြတ်ပြောလာတဲ့ နန္ဒာ
ကိုကြည့်မိတော့ နန္ဒာမျက်ဝန်းတွေကအရောင်လက်ပြီး မျက်စပစ်ပြနေတာကြောင့်
"နင်တို့ ခုမှရောက်တာလေ ဘာမှမစားခဲ့ဘူးလား"
"ဟာ..သော်နိုးကလည်း နင့်ကိုကျွေးခိုင်းနေတာလည်းမဟုတ်ဘဲ...ဒီတိုင်းမိတ်ဖြစ်ဆွေဖြစ်ပေါ့..ဟုတ်တယ်မလား.. ဦး"
နန္ဒာကသော်နိုးကိုပြောရုံသာမက ဦး ကိုပါစစ်ကူခေါ်လိုက်တော့ ဦး ကပြုံးရင်းခေါင်းညိတ်ပြလေသည်။
VOUS LISEZ
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Roman d'amourငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...
