'ဟဲ့ နှင်းပွင့် အခုဆိုင်မှာ ရောက်နေတဲ့ ကောင်လေး
က အဆင်လေးဟယ် ဖြူဖွေးနုထွဋ် နေတာပဲ''လူတွေများနော် အဆင်မြင်တာနဲ့ငမ်းက်နေကြတာပဲ ဟိုက ဂေးနေမှာဖြင့် ဖန်သားနန်းတော်ထဲ ပက်လက်လန် ငိုနေရပါ့မယ်'
'ဘာ နင်ကဘာပြောတယ် တဆိတ်ရှိ ယောင်္ကျားတွေ ကို လင်ပေးစားနေတဲ့ဟာကများ'
'တော်တော့ ဝါဝါ သူ့ကို အဖတ်လုပ်ပြောမနေနဲ့
အခုလို သူများကိစ္စလိုက်လျှာရှည် နေလို့ပဲ brand မရှိတဲ့ ဖုန်းရောင်းနေရတဲ့ဘဝက မတက်တာပေါ့
နေပါစေ လွှတ်ထားလိုက်' နှင်းပွင့်က မလှမ်းမကမ်း
တွင်ရှိနေသော နေဝန်းချိုအား စောင်းပြောလိုက်သည်။'အခုလာမယ့် ကောင်ကလည်း သူ့လိုအူကြောင်ကြောင် ဆိုရင် ဝေးဝေးရှောင်ဖို့ ပြင်ထားနော်ဝါ'
'ကိုနေ ငါပြောစရာရှိတယ်'
'ပြောလေ ဘာလဲ'
'အခု ကမ္ဘာက သင်တန်းလည်းပြီးပြီဆိုတော့ သူ့ကို
ငါ့ အနားမှာ ခဏခေါ်ထားလို့ရမလား ငါဆိုင်တွေ
ကို သွားရင် တစ်ယောက်တည်းဖြစ်နေတာရယ် သူလည်း အတွေ့အကြုံရအောင်လို့လေ'
သူမ၏ စကားကို ခွန်းတုံ့ပြန်ချင်သော်လည်း ရန်မဖြစ်ချင်သောကြောင့် သူမပြောသည်ကို လက်ခံ
လိုက်သည်။
'ရပါတယ် မင်းသဘောပါ'
အေးအေးဆေးဆေးနှင့် ပြန်ပြောသောသူ့အား
ကြည့်ပြီး သန္တာအံ့သြမိသည်။
သူ့ဆီက သန္တာအလိုရှိသမျှရသော်လည်း တစ်ခါမှ
ကြည်ဖြူခြင်းမရှိခဲ့။ ရန်ဖြစ်ကတောက်ကဆ ဖြစ်ပြီးမှ သာရလေ့ရှိသည်။
'အင်း ကောင်းပြီလေ ဒါဆို သူ့ကိုငါခေါ်သွားတော့
မယ် အခုလို သဘောကောင်းပေးတဲ့အတွက် ညကျ ရှင့်ကို ရှယ်ပြုစုပေးမယ်နော် darling'လိုချင်တာရသဖြင့် နမ်းရှုံ့သွားသောသူမအား
နေရောင်စိတ်ပျက်စွာ ကြည့်မိသည်။ ဘယ်သော
အခါ မှ သူမဆီကထွက်ပြေးလွတ်မြောက်နိုင်ပါမည်နည်း.......'ကဲ မိတ်ဆက်လိုက်ဦး' ဒါကတော့ ကမ္ဘာတဲ့ တို့ဆိုင်ကိုရောက်လာတဲ့ လူသစ်ပဲ' ဒါကတော့ ဝါဝါ
သူက နှင်းပွင့် သူက ဖြူနှင်း။ ဒီလောက်ပဲမှတ်ထား
ဟိုမှာက မင်းနဲ့အတူတွဲလုပ်ရမယ့်သူပဲ 'နေဝန်းချို'
'မင်္ဂလာပါ အစ်မ' ကျွန်တော်က ကမ္ဘာပါ
ဟုတ်တယ် နေဝန်း။ဒါကနင်နဲ့ အတူလုပ်ရမယ့်လူပဲ
အမြဲတမ်းတော့မဟုတ်ဘူး သူကငါ့ကိုလည်းကူရ
မှာဆိုတော့ ငါဒီမှာရှိနေချိန် နင် သူ့ကိုခေါ်ပြီးသင်ပြ
ပေးလိုက်' သန္တာ က ကမ္ဘာနှင့် နေဝန်းချိုအား
မိတ်ဆက်ပေးလိုက်သည်။
'ဟုတ်ကဲ့ပါ မမ ညီမသူ့ကို သင်ပြပေးပါ့မယ်'
'အေး အဲ့ဒါဆိုလည်း ငါရုံးခန်းထဲမှာရှိနေမယ် လိုမှ
ပဲ ခေါ်လိုက်တော့မယ်'
'ဟုတ်ကဲ့ပါ''ကဲ နင့်နာမည်က ကမ္ဘာနော် ဒါနဲ့နင်က ukeမဟုတ်လား'
'ခင်ဗျာ'
' အို ဘာလာလန့်နေတာလဲ နင့်ကိုမြင်တာနဲ့ငါတန်း
သိနေတယ်လေ'
'အစ်မရယ် ကျွန်တော့ပုံစံက အဲ့လောက်သိသာနေလို့်လား'
'No....no...ငါကဝါရင့်fujoshiလေ လူကိုမြင်တာ
နဲ့ ဘာလဲဆိုတာတန်းသိတယ်'.....
'ကျွန်တော်အဲ့ဒါတွေကို မေ့ထားချင်တယ်အစ်မ
ကျွန်တော့ကို အလုပ်နဲ့ပတ်သတ်တာတွေပဲသင်ပေး
ပါနော်'....
ညှိုးငယ်စွာပြောနေသော သူ၏မျက်နှာကိုကြည့်ုပီးနေဝန်းစကားလွန်သွားလားဟုတွေးမိသည်။
'အိုး...မင်းကလည်း လူဆိုတာ ကိုယ့်ရဲ့ဖြစ်တည်မှု
ကို လက်ခံရတယ် ကိုယ်ဟာဘယ်လိုပုံစံပဲ ဖြစ်နေနေကိုယ့်ကိုယ်ကို လေးစားရမယ်မှတ်ထား အသစ်လေး ဒါမင်းကို ပထမဆုံးသင်ပေးတဲ့ lectureပဲ'နှာခေါင်းသို့် လျှောကျနေသောမျက်မှန်ကို ပင့်တင့်ရင်း စကားပြောနေသောသူမကို ကမ္ဘာနားမလည်သလိုကြည့်နေမိသည်။သူမပြောသလို ကမ္ဘာကိုယ့်ကိုယ်ကို ချစ်သည်။ထို့ကြောင့်ပင် အိမ်ကနေထွက်ပြေးခဲ့ခြင်း ဖြစ်သည်။တွေးလက်စအတွေးများကို လက်စသတ်ရင်း အလုပ်လုပ်ဖို့ ပြင်လိုက်သည်။
![](https://img.wattpad.com/cover/175861267-288-k939477.jpg)