Card No-4 The Emperor

339 53 1
                                    


ဒီ​နေ့​တော့ သူ​စော​စောနိုး​နေသည်​။ Planကိုကြည့်​​လိုက်​​တော့ နံရံကိုမှီရင်းနှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​​နေတုန်းရှိ​သေးသည်​။
နိုးနိုးချင်း မ​နေ့ကနဲ့မတူတဲ့တခြား​နေရာ၁ခုစီ​ရောက်​​နေမယ်​ဆိုတာ ကြို​တွေးထားတဲ့အတွက်​ အံသြစရာ​တော့မရှိပါ။ ဒါ​ပေမယ့်​ သူတို့ကိုဘာလို့ဒီ​နေရာထဲထည့်​ထားတာလဲ။
မ​နေ့က Plan​ရွေးမိတဲ့ကတ်​က

"Card no-4 The Emperor"

၁​ယောက်​တည်း အထီးကျန်​​​နေတဲ့ ဧကရာဇ်​ဘုရင်​၁​ပါးနဲ့ကြုံရ​တော့မယ်​ဆို​တော့ နည်းနည်း​တော့စိတ်​လှုပ်​ရှားမိ​ပေမယ့်​ ဒီ​လို​နေရာကြီးကို​တော့မကြိုက်​​လှ​ပေ။
ကောက်​ရိုးခင်းထား​သောကြမ်းပြင်
အမိုးမလုံ၍ ​နေရာအနှံ့က​နေ တစ်​​ပေါက်​​ပေါက်​ကျ​နေ​သော ​ရေစက်​​တွေ
ခပ်​ဆိုးဆိုးအနံ့အသက်​​တွေ
အအိပ်​ကြီး​သောသူ​တောင်​ မခံစားနိုင်​လို့​စော​စောစီးစီးထမိ​ပေမယ့်​ Plan၁​ယောက်​က​တော့ ခုထိအိပ်​​ကောင်းတုန်းရှိ​နေ​သေးသည်​။

Plan: "ငါတို့အချုပ်​ခန်းထဲ​ရောက်​​နေတာလား ​နေရာကလည်းကွာ စုတ်​ပြတ်​​နေတာပဲ။ ဘယ်​နှစ်​ရာစုကပုံစံကြီးလဲ။ ဒါအချုပ်​ခန်းမဟုတ်​ဘူး.... ကြက်​ခြံကြီး"

ခုမှနိုးလာဟန်​နဲ့ မျက်​လုံးကိုပွတ်​ပြီး တစ်​ချက်​သမ်းရင်း သူ​ရောက်​​နေတဲ့​နေရာကို ချီးမွန်းခန်းဖွင့်​​နေ​​တော့ ဘုကြည့်​ကြည့်​ရင်း

Mean: "မင်းကအချုပ်​ခန်း​ရောက်​​နေတာ​တောင်​ စမတ်​ကျကျ သံတိုင်​​လေးနဲ့ ပါ​ကေး​လေးခင်းပြီး​နေချင်​လို့လား။ အဲ့တာထက်​အ​ရေးကြီးတာ ဒီ​နေ့ငါတို့​​တွေ့ရမှာ ဧကရာဇ်​​နော်​။ ​ပေါ့​ပေါ့ပါပါး​တွေး​နေလို့မရဘူး"

သူ​ပြောလို့မှမဆုံး​သေး အချုပ်​ခန်းတံခါးကိုဖွင့်ပြီး လူ၎​ယောက်​ဝင်​လာကာ တစ်​​ယောက်​တစ်​ဖက်​တစ်​ချက်​စီဆွဲ​ခေါ်သွားခြင်းခံရ​လေသည်​။ သူတို့​ကြောက်​လန့်​တကြားအတင်းရုန်းကန်​ကြ​ပေမယ့်​ သူတို့လက်​​တွေကသန်​မာလွန်းလှသည်​။ ​​နောက်​ဆုံး သူတို့လိုရာ​ရောက်​တဲ့အချိန်​မှာ​တော့ ဆွဲ​ခေါ်တာရပ်​လိုက်​ကြသည်​။
ဘုရား​....ဒီ​နေ့​တော့ ဘာမှ​တောင်​မလုပ်​​ရ​သေးခင်​​သေ​ရ​တော့မှာလား။

FORTUNEWhere stories live. Discover now