Chapter 2

454 71 15
                                    

Recall~

Beomgyu ၏နောက်ကျောကို Yeonjun စိုက်သာကြည့်နေမိတော့သည်၊ တရွေ့ရွေ့ပျောက်ကွယ်သွားသောမြင်ကွင်းကိုကြည့်ရင်း ဘာမှမတတ်နိုင်ပေ၊

မီးပုံပွဲထဲသွားထိုင်နေသော်လည်း မည်သည့်ခံစားမှုမှမရှိတော့ပေ၊

Beomgyu... မင်း ငါ့ကိုတော့ပြုစားသွားပြီ...

................

Beomgyu အိမ်သို့ပြန်ရောက်သည်နှင့် ကိုယ့်အခန်းထဲသို့သာတန်းဝင်ရန်ပြင်လိုက်သည်၊

" သူဌေးကြီးနဲ့မတွေ့တော့ဘူးလား သူဌေးလေး "

တံခါးဖွင့်ရန်ပြင်စဉ် အနောက်မှလှမ်းပြောသောစကားကြောင့် ရပ်တန့်လိုက်ကာ ပြန်လှည့်ကြည့်လိုက်သည်၊

" ကျွန်တော့်ကိုတမင်လာခေါ်မှန်းသိတယ်၊ အဲ့တော့ သွားတွေ့စရာမလိုလောက်ပါဘူး "

ဆက်ပြောမည့်စကားတို့ကိုလျစ်လျူရှုကာ အခန်းထဲသို့ဝင်ရင်း တံခါးလော့ချထားလိုက်သည်၊

အနည်းငယ်နေမကောင်းသောကြောင့် ခေါင်းပင်ကိုက်လာကာ အိပ်ရာပေါ်သို့လှဲချလိုက်သည်၊

ခရီးစထွက်ကတည်းက တစ်နည်းနည်းဖြင့် အိမ်ကလာခေါ်မည်မှန်း Beomgyu ရိပ်မိသည်၊ ငယ်ရွယ်စဉ် မိခင်ဆုံးရှုံးရသည့်အချိန်မှစ၍ ဖခင်၏တင်းကြပ်လှသောစည်းကမ်းများ၊ ချုပ်နှောင်မှုများနှင့်အတူ ယခုအရွယ်ထိနေနေရခြင်းဖြစ်သည်၊ ပိုက်ဆံရှိရုံနှင့် ပျော်ရွှင်နိုင်မည်မဟုတ်မှန်း Beomgyu တစ်နေ့ထက်တစ်နေ့နားလည်လာရသည်၊ မိသားစုပျော်ရွှင်မှုလည်းမရှိသည့်အပြင် ခင်မင်ရင်းနှီးရသောသူငယ်ချင်းမိတ်ဆွေလည်းမရှိသည့် ကိုယ့်ဘဝကိုယ်လည်း ငြီးငွေ့လွန်းလှသည်၊

သူငယ်ချင်းမရှိဘူးဆိုမှ ယနေ့ခရီးတွင်တွေ့ခဲ့ရသော Yeonjun ဆိုသည့်သူကိုသတိရမိသွားသည်၊ Beomgyu အတွက် သူစိမ်းများနှင့် စကားပြောရခြင်းက အနေရခက်စေသည်၊ ထို့အတွက်လည်း သူငယ်ချင်းရှားသည်ကမဆန်း၊ လူတိုင်းက Beomgyu၏အေးစက်စက်နေထိုင်ပုံကိုမကြိုက်ကြ၍ အပေါင်းအသင်းသိပ်မလုပ်ချင်ကြ၊ သို့သော်လည်း Yeonjun ကတော့ ခင်မင်ဖို့ကောင်းရုံသာမက ဂရုလည်းစိုက်ပေးလေသည်၊ ယခုကဲ့သို့ချက်ချင်းပြန်လာခဲ့ရသည့်အတွက် စိတ်မချသော Yeonjun၏မျက်ဝန်းများကို Beomgyuသတိထားမိသည်၊ သို့သော်လည်း မတတ်နိုင်သည့်အခြေအနေမို့ Yeonjunကို ရှင်းပြချိန်မရှိခဲ့ပေ၊ အထူးသဖြင့် မိသားစုအတွင်းရေးကိစ္စထဲ Yeonjunကိုပါ ခေါင်းခြောက်မခံစေချင်၊

You've reached the end of published parts.

⏰ Last updated: Mar 21, 2019 ⏰

Add this story to your Library to get notified about new parts!

Beyond The SeaWhere stories live. Discover now