Crush 10😍

9.3K 842 47
                                    

ကလေး မင်းကငယ်လွန်းသေးတယ် ပတ်ဝန်းကျင်ကပြောစကား
တွေကိုမင်းခံနိုင်ပါ့မလား........

မင်းနဲ့အတူရှိချင်လွန်းတဲ့ကိုယ့်ရဲ့စိတ်တွေကိုကိုယ်ဘယ်လောက်
တောင်ထိန်းချုပ်ခဲ့ရလဲ........

မင်းကိုချစ်လွန်းလို့ မင်းကိုဖွင့်ပြောပြီးချိန် အတူရှိနေတဲ့အချိန်
မိဘတွေရဲ့ကန့်ကွက်မှုတွေကိုကိုယ်မလိုလားလို့ ကိုယ်မိဘတွေ
ရဲ့စိတ်တိုင်းကျအရင်နေခဲ့ပြီးခွင့်ပြုချက်ရယူထားသူပါ........

ဒီလိုအရာအားလုံးကိုကိုယ်အကုန်လုံးဖြတ်ကျော်ပြီးမှ မင်းက
စေ့စပ်ရမယ်တဲ့လား.......

အင်း ကိုယ့်မှာတားပိုင်ခွင့်ရှိရဲ့လား.......

Flash Black ......

"ဘာ!!!ခန့်ထည်ဝါ မင်းဘာပြောလိုက်တယ်"

"သားစင်္ကာပူကိုမလိုက်နိုင်ဘူးလို့ပြောတာပါအဖေ"

"ဘာလဲ ဟိုကောင်လေးကြောင့်ပဲလား ဟင်"

"ဟုတ်တယ်အဖေ သူ့ကြောင့်ပါ ကျွန်တော်မလိုက်နိုင်ဘူး"

"တောက်!!!!မေကြီး မင်သားကိုကြည့်စမ်း ဘယ်လောက်တောင်ရူးနေပြီလဲဆိုတာ"

"သားရယ် ခေါင်းမမာပါနဲ့တော့ အမေတို့နဲ့လိုက်ခဲ့ပါကွယ် နော်"

"အမေ ကျွန်တော်မလိုက်ချင်ဘူး ကျွန်တော်ဒီမှာပဲဒေါ်လေးနဲ့နေ
ခဲ့မယ် ဒီမှာပဲကျောင်းတက်မယ်"

"ခန့်ထည်ဝါ!!!!မင်း စကားကောင်းပြောနေရင်မရဘူးလား
မင်းရူးနေလား ယောကျာ်းလေးကိုမှကြိုက်ရတယ်လို့ကွာ
ငါမင်းအဖေဖြစ်ရတာရှက်တယ်ကွာ"

"သားကအဖေတို့ရှက်ရအောင် ဘာတွေများလုပ်မိနေလို့လဲ
မိန်းကလေးတကာနဲ့ညအိပ်နေလို့လား ကလပ်တက်နေလို့
လား သူများပစ္စည်းတွေလိုက်ခိုးနေလို့လားအဖေ သားက
ဒီကလေးကိုချစ်မိရုံလေးပါအဖေ သူကြီးပြင်းလာတာကို
သားမြင်ချင်တယ်အဖေ ခွင့်ပြုပေးပါ သားကအဖေတို့
အရှက်ရမယ့်အလုပ်မျိုးမလုပ်ပါဘူး ဒါ့ကြောင့်လည်း
အဖေတို့ဆီကခွင့်ပြုချက်တောင်းနေရတာပါ မဟုတ်ရင်
ကျွန်တော်အဲ့ကလေးကိုအဓ္ဓသိမ်းပိုက်လိုက်ပြီ"

Oh! My Crush😍Where stories live. Discover now