Part 53(Unicode/Zawgyi)

11.3K 656 20
                                    

[Unicode]ကံသီသွား၍ သူ waiterလုပ်နေမှန်း ဘုန်းမြတ်သိမသွားပေ။

ဆိုင်ကနေအေးဆေးစွာထွက်လာနိုင်ခဲ့သည်။ ကားထဲမှာ သာယာဖွယ်သီချင်းအေးအေးလေးတစ်ခုကိုဖွင့်ထားကာ မောင်းနှင်လာခဲ့သည်။

မူပိုင်တစ်ယောက်တော့ အသံတိတ်ကာပါလာလျှက်. . .အိမ်သို့ပြန်ရောက်လာကြသည်။

''မိုးတောင်ချုပ်နေပြီ ပြန်တော့လေ. . . ''

သနားစရာကိုဘုန်းမြတ်လေး ကားပေါ်ကတောင်မဆင်းရသေး ချက်ချင်းအိမ်ကိုတန်းပြန်ခိုင်းသောမူပိုင်စကားကြောင့် မျက်နှာပျက်သွားရသည်။

''သွားရတော့မှာပေါ့လေ . . . ကိုယ်စဉ်းစားနေတာသိလား ခုနက waiterလေ  စိတ်မှန်ရဲ့လားမသိဘူးနော် ကိုယ်ကမင်းကိုဘာလုပ်ဖို့ခေါ်တာလဲတဲ့ haha. . . ချစ်လို့အတူစားဖို့ခေါ်လာတာလေ နော့်. . . . ''

ဘုန်းမြတ်ကတော့ အခက်ခဲမရှိ ပေါ့ပါးစွာစကားစလိုက်သည်။ ဒါပေမယ့် မူပိုင်အသံကစိုးထိတ်သွားရသည့်ပုံနှင့်ပြန်ပြောလာသည်။

''အင်း.. . .''

''မင်းကို သူသိသလိုပြောနေတာနော် မင်းတို့အသိတွေမို့လို့လား  . . ''

''ဘယ်. . . ဘယ်လိုသိမှာလဲ တစ်ခါမှတောင်မတွေ့ဖူးတာ. . . ''

''သြော် အင်း. . . သူလူမှားတာဖြစ်မယ် . . ''

''နောက်အဲ့ဒီဆိုင် မသွားချင်ဘူး ကျွန်တော်မကြိုက်ဘူး . . . ''

မကြိုက်တဲ့ပုံစံနဲ့ သူတားလိုက်၍ ဘုန်းမြတ်အနည်းငယ်နားမလည်နိုင်ဖြစ်သွားရသည်။ ဒါပေမယ့် သူ့ရည်းစားလေးအကြိုက်လိုက်ပေးလိုက်၏။

''အင်း မင်းမကြိုက်ရင်မသွားတော့ဘူးလေ နော့်. . . . ''

''အင်း. . . ပြန်တော့လေ ကျွန်တော်လည်းပင်ပန်းနေပြီ နားတော့မယ်. . . ''

''ပြန်တော့ပဲပြောမှာလား. . . . ဟင့်. . . ''

ကြက်တူရွေးအရှုံးပေးရလောက်အောင်ထော်ထွက်လာသောဘုန်းမြတ်နှုတ်ခမ်းကြီး။

''ဟာ အဲ့ဒါကြီးကဘာဖြစ်တာတုန်းဗျာ . . . မြင်လို့မှမကောင်း. . ''

''အပြန်လက်ဆောင်အနမ်းလေးဘာလေးမပေးချင်ဘူးလား. . ''

''မပေးချင်ပါဘူး ပြန်တော့. . . ''

Fake Love🔞 (Complete )Where stories live. Discover now