"ငါမလိုက်ချင်ဘူးဆို နှင်းနှင်း"
" ဘာလို့လဲ ဒီနေ့ငါ့ကို အဲ့အိမ်ကဦးလေးကြီးက မုန့်တွေလည်း အများကြီးကျွေးပြီး အရုပ်တွေလည်း အများကြီးပေးမယ် ပြောထားတာဟ"
"အဲ့ဒါ နင့်ကိုလေ ငါမှမပါတာ အဲ့အိမ်ကလူကြီးတွေက ငါ့ကိုဆို သိပ်ကြိုက်ကြတာမဟုတ်ဘူး မုန့်ကိုလည်း နင့်ကိုပဲကျွေးတာ မလိုက်ချင်ဘူး"
မိဘမဲ့ဂေဟာလမ်းထိပ်က ဘောလုံးကွင်းတွင် နှင်းနှင်းနှင့်မှိုင်းရိပ် အတူဆော့ကစားနေရင်းမှ
နှင်းနှင်းက မှိုင်းရိပ်အား ထိုဘောလုံးကွင်းဘေးက တိုက်အိမ်ကြီးထံသွားရန် ခေါ်နေခြင်းဖြစ်သည်။
တကယ်ဆို ထိုအိမ်သို့ မှိုင်းရိပ်မသွားချင်။
မှိုင်းရိပ်နှင့် နှင်းနှင်းတို့ ဒီဘောလုံးကွင်းတွင်လာကစားချိန်တိုင်း ထိုအိမ်က ဦးလေးကြီးများက နှင်းနှင်းအား မုန့်များ ခေါ်ကျွေးတတ်သော်လည်း မှိုင်းရိပ်ကို တစ်ခုတလေလေးတောင် မသဒ္ဒါကြ။မနှစ်မြိုသော အကြည့်များဖြင့်ကြည့်ကြသည်။ထိုသို့ နှင်းနှင်းနှင့်သူ့အား ခွဲခြားခွဲခြား ဆက်ဆံခြင်းကို မှိုင်းရိပ်မကြိုက်။ထို့ကြောင့် ထိုအိမ်သို့ မှိုင်းရိပ်မသွားလိုခြင်းဖြစ်သည်။
" လိုက်ခဲ့ပါ မှိုင်းရိပ်ရယ် နင်အထဲမဝင်ချင်ဘူးဆိုရင်လဲ ခြံရှေ့လေးမှာပဲ စောင့်နေလေနော်... နော် "
" ကျစ်.... သွားဟာ လိုက်မယ် လိုက်မယ်"
" ရေး..."
" ဒါမဲ့ ငါခြံအပြင်မှာပဲစောင့်နေမှာနော်"
" အေးပါ အေးပါ"
ဒီလိုနဲ့ နှင်းနှင်းခေါ်ဆောင်ရာဆီ မှိုင်းရိပ်လိုက်သွားပါတော့သည်။
" ကဲ သွား... သွား ငါဒီမှာပဲ စောင့်နေမယ်"
" အေးပါနော်... ငါ နင့်အတွက်ပါ မုန့်တွေပိုယူလာခဲ့မယ် မှိုင်းရိပ်"
နှင်းနှင်း၏စကားကို မှိုင်းရိပ် ပြန်ပြောမနေတော့ပဲ
မှိုင်းရိပ် ခေါင်းခါရပ်ရင်းနဲ့သာ ကျန်ရစ်နေတော့သည်။
" ဆရာ ရေ.... ဒီမှာ ဆရာနဲ့တွေ့ချင်တယ်ဆိုလို့"
" သြော်... နှင်းနှင်းလေး လာလာ"
YOU ARE READING
ချစ်ခြင်းများစွာဖြင့်
General Fictionဆယ်ကျော်သက်တွေကြားက..အချစ်။ လျှို့ဝှက်ချကိတွေနဲ့နာကြည်းမုန်းတီးမှုတွေ...
