4/4/2019

512 79 2
                                    

မနက် 3AM စရတယ်။ မိန်းကလေး၈
ယောက်မို့ ရေချိုးခန်းအဆင်​မ​ပြေတာနဲ့
တခြားလူနည်းတဲ့ အခန်းသွားချိုးလိုက်
တယ်။ အားလုံးပြီး အထုပ်တွေအောက်
ပို့တော့ ၄နာရီထိုးနေပြီ။ ဒါနဲ့ လူစုပြီး
စုံတော့ ဒေသတွေခွဲတယ် ။ ပထမ က
ရေစကြိုပေါ့။ သူကလူများတယ်။ ကိုယ်
တို့ အခန်းက အိ ။ အစော ။ ရွှေစင် နဲ့
ယုယုလေး ပါသွားတယ်။
နောက် ကိုယ်တို့ ကျန်တဲ့လေးယောက်
ဖြစ်တဲ့ မဆု ။ နှင်း ။ မီး နဲ့ ဆရာမက ရေနံချောင်းက ဘေးမဲ့အရပ်ကိုကျတယ်။
အားလုံးမိန်းကလေး ၁၄ ယောက် နဲ့
ယောကျာ်းလေး ၅ ယောက်ပါလာတယ်
စုစုပေါင်း ၁၉ယောက်ပေါ့။
နောက် ၅နာရီထိုးတော့ ကားပေါ်တက်
ပြီး မန်းလေးတက္ကသိုလ်မှာ အဖွဲ့လိုက်
ဓာတ်ပုံရိုက်သွားရတယ်။ အဲ့မှာအားလုံး
စုံကြတာ နောက်ဆုံးပေါ။ အဖွဲ့လိုက်
ဓာတ်ပုံရိုက်ပြီးတာနဲ့ ကားစထွက်တယ်
မနက်စာကို ကားပေါ်မှာပဲစားရတယ်။
ထမင်းဆီဆမ်းနဲ့ ကြက်သားကြော် ။
မပါမဖြစ်သရက်ချဉ်သုတ်ပေါ့။
ဒါကြောင့် နွေပူပူမှာ အညာဒေသကို
ခရီးဆန့်ခဲ့တယ်။ ၁၂ထိုးမှာ ထမင်းစား
နားတယ်။ ဆိုင်နာမည်က ရွှေဖြူတဲ့
မကောင်းဘူးပြောတယ်။ ကိုယ်မှာတဲ့
ဂျင်းသုတ်လေးတော့ ကောင်းတယ်
ဂျုင်းသုတ်ရယ် ထမင်းရယ်မှာစားတယ်
Sharkတစ်ဗူးမှာသောက်တာ အားလုံး
၂၃၀၀ကျတယ်။
နောက် လမ်းတစ်ထောက်ထပ်နားတယ်
မုန့်ဆိုင်တွေရှေ့မှာ ကျောက်ပန်းတောင်း
အကျော်မှာမို့ နာမည်ကြီးကျောက်ပန်း
တောင်း အာလူးကြော်အထုပ်ကြီးတစ်
ထုပ်ဝယ်တယ်။ မာလကာသီးဆားနယ်
လေးတွေက အေးပြီး သံပရာသီးလေး
ပါ ညှစ်ပေးတာနဲ့ ၅၀၀တန်တစ်ထုပ်ဝယ်
စားလိုက်တယ်။ အများကြီးရတယ် ။ နှင်း
နဲ့ နှစ်ယောက်အတူစားတာတောင် အဝ
ပဲရယ်။
နောက် တောက်လျှောက်လာကြပြီး
၃နာရီမှာ ကျောင်းရှေ့ကိုရောက်တယ်။
အိုးးးးအားလုံး warmly welcomeပဲရယ်
ထမင်းအိုးတွေ အဆင့်ဆင့်နဲ့ ထမင်း
ကျွေးဖို့စောင့်နေကြတာ။ ကိုယ်တွေ
အိတ်အလေးကြီးတွေလည်းဝိုင်းသယ်
ပေးနဲ့။ ကိုယ်တို့အခန်းလေးက ကျောင်း
ရုံးခန်းဘေးက အခန်းမှာ ကျယ်တယ်
ရယ်။ ကိုယ်တို့အခန်းထဲ ၉ယောက်
အချောင်ကြီးနေရတယ် ။ ပန်ကာနှစ်လုံး
ထားပေးတယ်။ Water coolerရှိတယ်
ကိုယ်က ထောင့်ကြိုက်လို့ ပြတင်းပေါက်
အောက်က ထောင့်လေးယူလိုက်တယ်
ပြီးတော့ နှစ်ခန်းအကူးလျှောက်လမ်းခြား
ထားလို့ တစ်ယောက်ခန်းလေးလိုသီး
သန့်လေးဖြစ်နေတယ်။
ရောက်​​ရောက်​ချင်း​နေရာချ။ ည​နေထမင်း
စားပြီးတာနဲ့ ကိုယ်​တို့မလာခင်​ Level
test စစ်​ထားတာ​တွေကို အမှတ်​ခြစ်​ပြီး
မှ ​ရေချိုး​ပေါ့။
အစည်းအ​ဝေး က ၈နာရီစ​တော့ ​အောက်
ဆင်းပြီးအစည်းအ​ဝေးတက်​။ အတန်း
တွေ တာဝန်​ခွဲ။ မနက်​ဖြန်​ သင်​မှာ​တွေ
တိုင်​ပင်​ နဲ့ ကိုးနာရီ​ကျော်​မှ အ​ပေါ်ပြန်
တက်​ရတယ်​။ ​နောက်​ ဘုရားရှိခိုးပြီးတာ
နဲ့ အိပ်​တာပါပဲ။ မနက်​ ဖွင့်​ပွဲလည်းတက်
ရဦးမှာမို့ …

Thankyou

MilestoneWhere stories live. Discover now