Ep:12 [Zawgyi]

866 80 3
                                    

"ပြောပါဦး ခဗျားကရောဘာဖြစ်တာလဲ..ကိုယ့်ခေါင်းကိုယ်ရိုက်ခွဲဖို့ထိ စိတ်ရူးပေါက်နေတာလား"

Jungkook ဆေးဘူးကိုသိမ်းနေရင်း jimin အား
ရွဲ့သလိုလိုနဲ့မေးလိုက်သည်။

"Jungkook မင်းငါ့ကို မလုပ်ပေးချင်မလုပ်ပေးနဲ့
စကားအပိုတွေလာမပြောနဲ့ မင်းကိုလဲငါမလုပ်ခိုင်းဘူး၊
ငါ့ဘာသာ ဘာဖြစ်ဖြစ် "

Jimin ငြိမ်ခံနေရင်း သူ့ကိုအကြီး အကြီးမှန်းမသိလာအော်နေတဲ့ ကောင်လေးကြောင့် ပြန်ပြောလိုက်သည်။

"အော်...အော် ဟုတ်ကဲ့.ဟုတ်ကဲ့ပါ ၊ ကျွန်တော်မျိုးကြီးက
အကိုလေးကိုအရမ်းကို လုပ်ပေးချင်နေမိတာပါ တောင်းပန်ပါတယ်၊ အရမ်းလုပ်ပေးချင်မိတဲ့ ကျွန်တော်ရဲ့အမှားပါနော်၊"

ဆေးဘူးကို အားပါပါချပြီး ရွဲ့တဲ့စကားတွေကိုဆက်တိုက်ကို
ပြောနေတဲ့ jungkook
ထိုသို့ ကလေးဆန်ဆန်အပြုအမူလေးကြောင့် jimin ပြုံးမိသည်။

"Jungkook ငါမင်းကိုပြောစရာရှိတယ်၊ taetae
ကလေ ဘာလို့ဒီလောက်ထိဖြစ်နေရတာလဲ ငါနားမလည်နိုင်တော့ဘူး၊ အခုလဲ သူ့လက်သူ ဓားနဲ့မွှန်းနေတာ၊ ငါရပ်လို့ပြောတာကို မရပ်လို့ သူရပ်သွားအောင်၊ ငါ့ကိုယ်ငါလုပ်လိုက်တာ၊"
ပြီးတော့ သူအရာရာကို နားလည်နိုင်တယ့်အရွယ်ရောက်နေပြီထင်နေတာ၊ ဘာလို့အဲ့လောက်ထိခလေးဆန်နေရတာလဲမသိဘူး၊"

ထိုအချိန် jimin ပြောတာကို သေချာနားထောင်နေတဲ့
Jungkook မျက်နှာမှာလဲ ဝမ်းနည်းရိပ်တွေ။

" တစ်ခြားတစ်ယောက်ကိုထည့်ထားတဲ့ နှလုံးသားကြီးကို
Hyung မှ မချစ်ဘူးတာ"

"ဘာကိုဆိုလိုတာလဲဒီစကားက မင်းကတော့ချစ်ဖူးတယ်ပေါ့"
"ဟား...ဟား..ဟား၊ဟုတ်လား"

"ဘာလို့လဲ ကျွန်တော်က ချစ်ဖူးလို့မရဘူးလား "

ဒီကောင်လေး ချစ်ဖူးတယ်ဆိုတော့ Jimin စိတ်ထဲတစ်မျိုးဖြစ်သွားပြီး စိတ်ရှုပ်လာလို့စကားလမ်းကြောင်းလွှဲလိုက်သည်။

" အေးပါ ငါခေါင်းနည်းနည်းကိုက်လို့အိပ်ချင်လို့ ပြန်တော့လေ မင်းအခန်းမင်း၊ hoseok hyung လဲပြန်လာတော့မယ် "

" ရတယ် ကျွန်တော်မပြန်ဘူး၊ hobi hyung က
ဒီည V hyung တို့အခန်းမှာ အိပ်မှာတဲ့၊ Hyung
တစ်ယောက်ထဲမလား ကျွန်တော်စောင့်အိပ်ပေးမယ် ၊"

ထိုအချိန်အခန်းထဲကို လူတစ်ယောက်ဝင်လာသည်။

" ရတယ် ငါအိပ်ပေးလိုက်မယ်"

suga စောင့်အိပ်မယ်ပြောတော့ ။ jiminက

" ရပါတယ် hyung ကလဲ ကျွန်တော်တစ်ယောက်ထဲအဆင်ပြေပါတယ်။hyung ရော jungkook ရောပြန်ပါ"

"အဲ့တာဆို ပြီးရော ကျွန်တော်ပြန်အိပ်တော့မယ်"

jungkook ပြောလဲပြော ထထွက်သွားသည်။ jimin ကတော့ jungkook မျက်နှာမှာတစ်ခုခုဖြစ်သွားတယ်ဆိုတာသိသည်။

"ခလေး သက်သာလား၊ ဘာလို့အဲ့လိုလုပ်ရတာလဲ ။"

suga ပြောရင်း jimin ကို ရင်ခွင်ထဲထည့်ထားလိုက်သည်။

" taetae က ပြောလို့မှမရတာ "

suga ရဲ့ခါးကို ဖက်ကာ ရင်ခွင်ထဲကိုပိုတိုးလို့ဝင်နေတဲ့ခလေးငယ် ခေါင်းထဲမှာတော့ ထထွက်သွားတဲ့ကောင်လေးကိုတွေးရင်း

.....................................................
ဒီfic က ဆယ့်ငါးပင်လောက်လိမ်မယ့်fic လေးပါ
စာဖတ်သူတွေခေါင်းရှုပ်သွားတယ်ဆိုရင်တော့ တောင်းပန်ပါတယ် 😁

ပြီးတော့ အပိုင်းတိုတယ်ဆိုတာကလဲ ကိုယ်အလုပ်တွေနဲ့မအားတဲ့ကြားက up ပေးချင်လို့ တိုတိုသွားရတာပါ 😞

#Mochikookoo
6/4/2019

The Liar 🐾Where stories live. Discover now